ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့် Online Ticketing and Payment System စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေ

ရန်ကုန်၊ ဇူလိုင် ၂၃
    ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့် Online Ticketing and Payment System စနစ်ကို အကောင်အ ထည်ဖော်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
    အဆိုပါစနစ်ကို ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတို့တွင် ကနဦးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန Online Ticketing and Payment System အကောင်အထည်ဖော်ရေး တင်ဒါကော်မတီမှ သိရသည်။
    လက်ရှိတွင် အဆိုပါ ရထားလမ်း ပိုင်းသုံးခုအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူနိုင်သည့် Online Ticketing and Payment System ရေးဆွဲတည် ဆောက်လုပ်ကိုင်ခြင်း လုပ်ငန်းအား ပြည် တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူ Developer များကို စိတ်ပါဝင်စားမှုဖော်ပြချက် (Express of Interest -EOI)  အဆိုပြုလွှာတင် တင်ဒါခေါ်ယူထားကြောင်း ယင်းကော်မတီမှ သိရသည်။
    ယင်းစနစ်အား အကောင်အထည် ဖော်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လို သူသည် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်စေ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီဖြစ်စေ၊ Joint Venture (သို့မဟုတ်) Consortium ဖွဲ့စည်း၍ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟူ၍လည်း ကော်မတီမှ အသိပေးထားသည်။
    အဆိုပါ လုပ်ငန်းအတွက် တင်ဒါ စိစစ်ရွေးချယ်မှုအား စိတ်ပါဝင်စားမှုဖော်ပြချက် (Express of Interest - EOI) အဆိုပြု လွှာတင်သွင်းခြင်း၊ EOI အောင်မြင်သူအား Request for Proposal (RFP) တင်သွင်းစေခြင်းဟူ၍ အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် ပြည်တွင်း/ပြည်ပကုမ္ပဏီအဖွဲ့အစည်းများသို့ EOT အဆိုပြုလွှာ များ တင်သွင်းရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
    စိတ်ပါဝင်စားသော ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများအနေဖြင့် EOI အဆိုပြုလွှာ စာရွက်စာတမ်းများကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် ၅၁ လမ်းထောင့်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၂ ရက် အတွင်း ဝယ်ယူနိုင်ကြောင်း၊ EOI အဆိုပြု လွှာများကို စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ပြန်လည်တင်သွင်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Online Ticketing and Payment System အကောင်အထည်ဖော်ရေးတင်ဒါကော်မတီမှ အသိပေးထားသည်။

Total Views ~ 376

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43261

© 2022 - 2025 News. All Rights Reserved.