ရာဂီမုန်တိုင်းဒဏ်သင့် ဒေသများအတွက် ရုရှား၏ လူသားချင်းစာနာမှု အကူအညီများပေးပို့ 

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 
    သဘာဝဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံကိုယ်စား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ် အခြေအနေနှင့် သဘာဝဘေး အန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ရုရှားနိုင်ငံ နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်းစာနာ ထောက်ထားမှု အကူအညီပစ္စည်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သယ်ယူပို့ဆောင် ရေးလေယာဉ်ဖြင့် လာရောက် ပေးပို့ခဲ့ကြောင်း သိရသည်။ 
      လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ဌာနဆိုင်ရာအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက် လက်ခံခဲ့ကြောင်း သိရသည်။ 
    မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov နှင့် ရုရှားနိုင်ငံမှ အလှူရှင်အဖွဲ့အစည်းများ ကိုယ်စားတာဝန်ရှိသူတစ်ဦးတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ လှူဒါန်းရခြင်း အကြောင်းကိုပြောကြားခဲ့ပြီး တိုင်ဖွန်ရာဂီ၏ သက်ရောက်မှုကြောင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက် ထားမှု အကူအညီပစ္စည်းများ စုစုပေါင်းတန်ချိန် ၃၅ တန်ခန့် ပါဝင်ပြီး ရေဘေးသင့်ဒေသများ သို့ ခွဲဝေပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။    ထူးမြတ်

Total Views ~ 138

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43367

© 2022 - 2025 News. All Rights Reserved.