၂၀၂၃ ၊ မတ် ၁၅
ယမန်နေ့( မတ် ၁၄) မွန်းလွဲ ၃နာရီ ၁၀မိနစ်အချိန်က ပခုက္ကူခရိုင် ရေစကြိုမြို့နယ်၏ အရှေ့မြောက်ဘက် ၆ ဖာလုံခန့်အကွာ (၂)ရပ်ကွက်ရှိ မြို့နယ်ထွေ/အုပ်ရုံးအား အကြမ်းဖက်အုပ်စု PDF ခေါင်းဆောင်/အင်အား(စိစစ်ဆဲ)များမှ မြိုနယ်ထွေ/အုပ်ရုံး၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ဆင်ခြေယာကျေးရွာ ဘက်မှ Drone ၁ စင်းအား အသုံးပြု၍ အမြင့်မီတာ ၆၀၀ ခန့်အကွာမှ ပျံသန်းလာပြီး Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး အဆိုပါ Drone မှာ လာရာလမ်းအတိုင်း ပျံသန်းသွားခဲ့ကြောင်း။သိရသည်။
Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်မှုကြောင့် မြို့နယ်ထွေ/အုပ်ရုံး၏ တောင်ဘက် မီတာ ၁၂၀ ခန့်အကွာ (၂)ရပ်ကွက် စိတ္တသုခရပ်ရှိ ဦးကျော်ဇော (၉၃)နှစ်၏ နေအိမ်ခေါင်မိုးပေါ် သို ကျရောက်ပေါက်ကွဲခဲ့ သဖြင့် နေအိမ်ခေါင်မိုးသွပ် ၂ ချပ်ခန့်ပျက်စီး(တန်ဖိုးငွေ ၁၅,၀၀၀ ကျပ်ခန့်)ဆုံးရှုးခဲ့ပြီး ဦးကျော်ဇော တွင် ယာလက်ဖျံအရေပြားစုတ်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သော်လည်း ဆေးရုံတက်ရောက် ကုသခြင်းမရှိခဲ့ကြောင်း သိရသည်။
ထိုနောက် ပူးပေါင်းအဖွဲမှ အခင်းဖြစ်နေရာ အနီးဝန်းကျင်အား အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်ခဲ့ပြီး ထူးခြားမှုမရှိ၍ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။