လက်နက်ကိုင်ပဋိပက္ခ ကြီးထွားလာသည်နှင့် အမျှ တပ်မတော်အခန်းကဏ္ဍ ကြီးထွားလာမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၈
    လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် လက်နက်ကိုင်ပဋိပက္ခ ကြီးထွားလာသည်နှင့်အမျှ တပ်မတော်၏ အခန်းကဏ္ဍ ပိုမိုကြီးထွားလာရမည်မှာ အမှန်တရား ပင်ဖြစ်သည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်သည်။
    ပြည်သူ့ပါတီ တည်ထောင်ခြင်း (၇) ပြည့် အခမ်းအနားကို သြဂုတ် ၂၃ ရက်က Sky Star Hotel တွင် ပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    ၎င်းက "သမိုင်းကို ပြန်လေ့လာ ကြည့်ရင် ၁၉၄၈ လွတ်လပ်ရေးရပြီးစကတည်းက လက်နက်ကိုင် ပဋိပက္ခ ကြီးထွားလာတာနဲ့အမျှ တပ်မတော်ရဲ့ အခန်းကဏ္ဍက ကြီးထွားလာရတယ်။ ဒီနေ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ဘောင်ကျယ်လာရပြီး နိုင်ငံရေးဘောင် ကျဉ်းလာရတယ်"ဟု ပြောကြားလိုက်သည်။
    လွတ်လပ်ရေး ရပြီးသည်မှာ (၇၈) နှစ် ပြည့်သွားပြီဖြစ်သော်လည်း လက်နက်ကိုင်ပဋိပက္ခ မချုပ်ငြိမ်းသောကြောင့် တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ဟု ဆိုသည်။
    သို့မို့ကြောင့် ဦးစားပေးဆောင်ရွက်ရမည်က ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိဘဲ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ မဆောင်ရွက်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် အားလုံးကြိုးပမ်းရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရွှေထီး

Total Views ~ 85

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52237

© 2022 - 2025 News. All Rights Reserved.