ရန်ကုန်၊ ဒီဇင်ဘာ ၂၃
လက်နက်ကိုင် အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဒီဇင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော် မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ ပြုလု ပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မိမိတို့ အစိုးရအနေဖြင့်လည်း ပြည်သူအားလုံး လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မ ရေးနှင့် ဒီမိုကရေစီလမ်း ကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အတူယှဉ်တွဲ နေထိုင်ကြသည့် လူအဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့် ပြဿနာများကို ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်း လမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ် ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း" နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ စုစည်းနေ ထိုင်ခဲ့ကြသည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း၊ ထိုသို့ မတူကွဲပြားမှုများကြားတွင် မိမိတို့သည် သဘောထားကြီးစွာဖြင့် အပြန်အလှန် သည်းခံမှု၊ နားလည်ပေးနိုင်မှုများဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ယင်းကို မိမိတို့ ဆက်လက်ကာကွယ် ထိန်းသိမ်းသွားကြရန်လိုပြီး အထူးသဖြင့် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေး ခေါင်းဆောင်များက မိမိတို့ ဘာသာဝင်များကို အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေ အများဆုံးရှိပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့် နေရာတွင် ရှိနေကြောင်း၊ ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်း ပြောကြားလိုကြောင်း ပြောကြားခဲ့သည်။ ထူးမြတ်