၂၀၂၃ မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြိုနယ်၊ မှော်ဘီလေတပ်စခန်းတွင် မတ်လ ၂၁ ရက် ည ၁၁ နာရီက ပေါက်ကွဲသံကြားသဖြင့် စစ်ဆေးရာရှော့တိုက်ဒုံးဖြင့် အပစ်ခံရခြင်းဖြစ်ပြီး ထိခိုက်မှုမရှိကြောင်းသိရပါတယ်။
အကြမ်းဖက်သမားများပစ်သော ရှော့တိုက်ဒုံးတစ်ခုသည် မြက်ခင်းအတွင်းကျရောက် မီးလောင်ပြီး လူပစ္စည်းထိခိုက်မှုမရှိကြောင်း သိရပါတယ်။
နယ်မြေခံတပ်မှ နယ်မြေကို ရှင်းလင်းရာ လေတပ်စခန်းဂိတ်အရှေ့ လယ်ကွင်းအတွင်း ရှော့တိုက်ဒုံးနောက်တစ်ခုကျရောက် ပေါက်ကွဲထားသည်ကိုတွေ့ရှိခဲ့ပါတယ်။
ပစ်ခတ်သည့်နေရာကို နယ်မြေခံတပ်က ဆက်လက်ရှာဖွေရာ လေတပ်စခန်းနှင့် ၄ မိုင်အကွာ ရေသိုးကျေးရွာရှိလယ်ကွင်းတစ်ခုအတွင်း မပစ်ခတ်ရသေးသည့် ရှော့တိုက်ဒုံး ၃ လုံး၊ သံဖရိန်ဖြင့် ပြုလုပ်ထားသည့် ပစ်စင် ၈ ခု၊ ၁၂ ဗိုဘက်ထရီ ၅ လုံး၊ စနက်တံ ၃ ခု၊ဝါယာ ၈ ခွေတိုကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။