လျှပ်စစ်ကား Charging Station ၁၉ ခု ရန်ကုန်၊ မန္တလေး၊နေပြည်တော်နှင့် အမြန်လမ်းမကြီးပေါ်တို့တွင် ယခုလအတွင်း အပြီးတည်ဆောက်မည်

၂၀၂၃ ၊ မတ် ၁၇

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးအ တွက် Charging Station များကို နေပြည်တော်တွင် လေးနေရာ၊ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ စုစုပေါင်း ၁၉ နေရာကို ဆောင်ရွက်သွားရန် ကုမ္ပဏီကိုးခုကို တာဝန်ခွဲဝေသတ်မှတ်ပေးခဲ့ပြီး မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်းအပြီး တည်ဆောက်မည်သွားမည် ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင် သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့် ရိပ်သာ၊ ဘောဂသီရိ အဝေးပြေးယာဉ် ရပ်နားစခန်း စသည့်တည်နေရာ များတွင် NPK Motors ကုမ္ပဏီ မှ Charging Station များတည် ဆောက်လျက်ရှိသည်။

ယင်းကုမ္ပဏီက တည်ဆောက်ခဲ့သည့်လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (နေပြည်တော်) MG EV Charging Station (NPT) ဖွင့်ပွဲအခမ်းအနားကိုလည်း။မတ်လ ၄ ရက်က နေပြည်တော်သပြေကုန်းဈေး ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

ရန်ကုန်မြို့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံတို့တွင်တည် ဆောက်မည် ဖြစ်ရာ ရန်ကုန်ဘူတာကြီးတွင် Essential Motors ကုမ္ပဏီမှ လည်းကောင်း၊အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံတွင် Chin Dwin Shan ကုမ္ပဏီ မှ လည်းကောင်း၊လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် Asia Pacific Automaker Corporation ကုမ္ပဏီမှလည်း ကောင်း၊ လှိုင်သာယာမြို့နယ် ဒဂုံ- ဧရာအဝေးပြေးယာဉ်ရပ်နားစခန်းတွင် Myanmar Brilliance Auto ကုမ္ပဏီ မှ လည်းကောင်း Charging Station များ တည် ဆောက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် Charging Station တည်ဆောက်မည့် (၅)နေရာတွင်လည်း လုပ်ငန်းများစတင်နေပြီဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင်တိုင်(၁/၀) တိုးလ်ဂိတ်၊ မိုင်တိုင်(၁၁၅/၀) ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၀) နေပြည်တော် ယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၈၄/၀) သီးကုန်းယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၃၅၂/၀) စကားအင်းယာဉ်ရပ်နားစခန်း စသည့်နေရာ တို့တွင် ဆောက် လုပ်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်-ရန်ကုန်လမ်းပိုင်း ဖြစ်သည့် မိုင်တိုင် (၂၀၁/၀)တွင် Earth Renewable Energy ကုမ္ပဏီ

Co.,Ltd. မှ ဆောက်လုပ်လျက်ရှိသည့် Charging Station လုပ်ငန်းခွင်သို့ မတ်လ ၁၁ရက်က လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ EV Charging Station(၁၉)ကို Pilot Project အနေဖြင့် ကုမ္ပဏီ(၉)ခုကို တာဝန်များခွဲပေးခဲ့ခြင်း ဖြစ်ပြီး တာဝန်ပေးအပ်ခြင်းခံထားရသည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့တွင် လျှပ် စစ်ကားအသေး(၁ဝ)စီးအားသွင်းနိုင်မည့် Charging Station များနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကားလေး (၁ဝ) စီးနှင့် ကားကြီး (၄)စီး အားသွင်းနိုင်မည့် Charging Station များကို တည် ဆောက်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးဝင်းဖေက ပြောကြားထားသည်။

Total Views ~ 366

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43317

© 2022 - 2025 News. All Rights Reserved.