သက်တမ်းအလိုက် လူငယ်ဘောလုံးပြိုင်ပွဲများ နှစ်စဉ်ကျင်းပမည်

ရန်ကုန်၊ ဇွန် ၄
    အမျိုးသမီး၊ အမျိုးသား လူငယ် ယူ ၁၅ လိဂ်ပြိုင်ပွဲများနှင့် သက်တမ်းအလိုက် လူငယ်ဘောလုံးပြိုင်ပွဲများ နှစ်စဉ်ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများ ကျင်းပရေးကော်မတီ အစည်းအဝေးမှ သိရသည်။
    အဆိုပါ အစည်းအဝေးကို ဇွန် ၁ ရက်က နိုဗိုတယ်ရန်ကုန်မက်စ်တွင် ကျင်းပခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့်အတူ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဦး (ဒုတိယညွှန် ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန)၊ အဖွဲ့ချုပ်အလုပ်အမှုဆောင် နှင့်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးစိုးမြတ်မင်း၊ ဦးစောငြိမ်း(မန္တလေး)၊ ဦးသင်းမောင် စိုး(မွန်ပြည်နယ်)၊ ဦးလအောင်(ကချင်ပြည်နယ်)၊ ဦးဝင်းကိုကို (ဧရာဝတီတိုင်းဒေ သကြီး)တို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။ 
    အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌက ယူ ၁၀၊ ယူ ၁၂ (ကျား/မ) Grassroots ဘောလုံးပွဲတော်များ၊ ကျောင်းအခြေပြု လူငယ်ပြိုင်ပွဲများအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ နှစ်စဉ် ပူးပေါင်းကျင်းပရေး၊ ယူ-၁၅ အမျိုး သားလိဂ်၊ ယူ-၁၅ အမျိုးသမီးလိဂ်ပြိုင်ပွဲများ နှစ်စဉ် ကျင်းပသွားရေးတို့ကို ဆွေးနွေးခဲ့သည်။ 
    ထို့အပြင် ကျောင်းများ ပါဝင်နိုင်မည့်  Inter School ပြိုင်ပွဲများဖော်ထုတ်ခြင်း၊ အားကစားနှင့်ကာယပညာသိပ္ပံနှင့် ချိတ်ဆက်၍ အကယ်ဒမီပြိုင်ပွဲများ ဖော်ဆောင်ခြင်း၊ ဖီဖာယူ ၁၇၊ ယူ ၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ကြိုတင်၍ နည်းစနစ်ပိုင်းနှင့်လိုအပ်သောပြိုင်ပွဲများ၊ ကစားသမား ရွေးချယ်ရေး အစီအစဉ်များ ကြိုတင်ပြင်ဆင် ထားရှိခြင်းစသည့် လူငယ်ပြိုင်ပွဲများနှင့် ကစားသမားကောင်းများ ပေါ် ထွက်လာရေး စီမံကိန်းများကို ကော်မတီတွင် ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 395

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43125

© 2022 - 2025 News. All Rights Reserved.