ရန်ကုန်၊ ဇူလိုင် ၂
၂၀၂၄ ခုနှစ်အတွင်း ဈေးကွက်သစ် ပြန်လည်တင်ပို့ခြင်းအဖြစ် မြန်မာ့ပြောင်းများကို အိန္ဒိယ ဈေးကွက်သစ်သို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြန်လည်တင်ပို့လျက်ရှိသည်။
နှစ်စ ဇန်နဝါရီလမှ စတင်ကာ ယခုအချိန်ထိ ပြောင်းတန်ချိန် ငါးသိန်းခန့်ကို အိန္ဒိယမှ ဝယ်ယူထားပြီး အနည်းငယ်တင်ပို့ရန် ကျန်သေးသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ ပြော သည်။
အိန္ဒိယက ဈေးကွက်သစ်ဟုဆိုရာတွင် ယင်းနိုင်ငံသည် မြန်မာ့ပြောင်းများ ဝယ်ယူတင်သွင်း ခြင်းကို ရပ်နားခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင်မှ ပြန်လည်တင်သွင်းခြင်းဖြစ်ကာဈေး ကွက်သစ် အိန္ဒိယအပြင် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ လျက်ရှိပြီး ဖိလစ်ပိုင်နှင့် ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများသို့လည်း တင်ပို့နေကြောင်းဆိုသည်။
နိုင်ငံအနှံ့တင်ပို့မှုတွင် နှစ်စမှ ဇွန်လကုန် ခြောက်လတာကာလအတွင်း ပြောင်းတန်ချိန် တစ်သန်းခွဲခန့် တင်ပို့ပြီးဖြစ်ကာ နှစ်ကုန်တွင် ပြောင်းတန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်မည်ဟုပြောင်း လုပ်ငန်းရှင် အသင်းမှခန့်မှန်းသည်။
ပြည်တွင်း ထွက်ကုန်များဖြစ်သည့် ပြောင်း၊ ဆန်၊ ဆန်ကွဲ၊ ရေထွက်ပစ္စည်းများ၊ ကောက်ပဲသီးနှံ အစရှိသည်များတင်ပို့ရာတွင် ရေကြောင်းပို့ဆောင်ရေးဖြင့် အဓိက ကုန်သွယ်လျက်သည်။
ထို့ကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း၊ သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် လစဉ်ကုန်တင်ကုန်ချရန် နိုင်ငံတကာ ကုန်တင်သင်္ဘော အစင်းရေး ၅၀ မှ ၇၀ ကြား ပုံမှန်ဆိုက်ကပ်ကုန် သွယ်လျက်ရှိပြီး ကုန်သွယ်ရေးတွင် မြန်ဆန်လွယ်ကူ ချောမွေ့စေရန် အချိန်နှင့် တပြေးညီ ဆောင်ရွက်နေကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံမှထွက်သည့် ပြောင်းများကို ရှမ်းပြည်နယ်အတွင်း အဓိက စိုက်ပျိုးပြီး မိုးရာသီတွင် မိုးပြောင်း၊ ဆောင်းရာသီတွင် ဆောင်းပြောင်းဟု နှစ်ချိန်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။