အထည်ချုပ်အလုပ်သမားများ စီးနင်းလာသည့် ကားတိမ်းမှောက်လို့ ၂၄ ဦး ထိခိုက်ဏ်ရာရရှိမှု ပုသိမ်မြို့မှာ ဖြစ်ပွား

၂၀၂၃ မတ်လ ၂၃

အထည်ချုပ်အလုပ်သမားများ စီးနင်းလာသည့် ကားတိမ်းမှောက်လို့ ၂၄ ဦး ထိခိုက်ဏ်ရာရရှိမှု  ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖြစ်ပွားခဲ့ကြောင်း ဘက်စုံ လူမှုကူညီရေးအဖွဲ့-ပုသိမ် မှ သိရပါတယ်။ 

ဖြစ်စဉ်မှာ ပုသိမ်မြို့၊ဘုရားကြီးကုန်းလမ်းမှ ပေါက်ကုန်းအထွက်  တံတားအနီး၊ ဓာတ်အား ခွဲရုံရှေ့တွင်အထည်ချုပ်အလုပ်သမားများကို  တင်ဆောင်လာသောကား  တိမ်းမှောက်မှု ဖြစ်ပွားရာမှ  ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ 

ယင်းဖြစ်စဉ်ကို ဘက်စုံ လူမှုကူညီရေးအဖွဲ့-ပုသိမ်မှ လူနာတင်ယာဥ်(၃)စီးဖြင့်  သွားရောက် ကူညီမှုများ ပြုလုပ်ကာမိတ်ဖက် ညီနောင် လူမှုကူညီရေးအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ထိုလူနာများအနက်ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး( ၂၄ )ဦးတို့အားအဖွဲ့မှ ပုသိမ်ဆေးရုံကြီး(OPD)သို့ပို့ဆောင်ကူညီခဲ့တယ်လို့ဆိုပါတယ်။ 

 

Total Views ~ 413

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43090

© 2022 - 2025 News. All Rights Reserved.