အထူးအစီအစဉ် တက္ကသိုလ်ဝင်စာမေးပွဲ ဧပြီ ၂၉ ရက် စတင်ဖြေဆိုရမည်

ရန်ကုန်၊ ဧပြီလ ၂၃
    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော် လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသူ၊ ကျောင်းသားများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ပံ့ပိုးကူညီမှုနှင့် သတ်မှတ်ထားသော အခြေခံ ပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများ စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်ထားပြီး အဆိုပါစာမေးပွဲကို ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာနမှ သိရသည်။
    အဆိုပါ အထူးအစီအစဉ်ဖြင့် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးမှုကို ဧပြီလ ၂၉ ရက်တွင် မြန်မာစာ၊ ဧပြီ လ ၃၀ ရက်တွင် အင်္ဂလိပ်စာ၊ မေလ ၂ ရက် တွင် သင်္ချာ၊ မေလ ၃ ရက်တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ မေလ ၄ ရက်တွင် ရူပဗေဒနှင့် သမိုင်းဘာသာရပ်၊ မေလ ၆ ရက် တွင်ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ စာမေးပွဲအ တွက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူး တိုင်းဒေသကြီး(အနောက်)၊ မကွေးတိုင်းဒေ သကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် စာစစ်ဌာနတစ်ခုစီ ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာနသုံးခု၊ ရခိုင်ပြည်နယ်တွင် စာစစ်ဌာန လေးခု၊ ရန်ကုန်တိုင်းဒေသကြီးတွင်  စာစစ်ဌာနလေးခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာန သုံးခုဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
    ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း လုံခြုံရေး အခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့်ဒေသ အချို့ရှိ ကျောင်းသူ၊ ကျောင်းသားများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများပံ့ပိုးကူညီမှုနှင့် သတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ စာစစ်ဌာန များသို့ ကျောင်းသားကျောင်းသူများ စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုနိုင်ရန် စီစဉ်မှုတွင် ဝင်ရောက် ဖြေဆိုလိုသည့် ကျောင်းသားကျောင်း သူများကို ဧပြီလ ၁၂ ရက်တွင် စာရင်ပေးသွင်းရန် ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။

Total Views ~ 420

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43079

© 2022 - 2025 News. All Rights Reserved.