အသက်မွေးပညာ သင်ကြားမည့် လူငယ်များ များပြားစေရေး မိဘများမှ ကူညီရန်လို

ရန်ကုန်၊ ဒီဇင်ဘာ ၁၆
    သက်မွေးပညာရပ်အား သင်ယူရန်အတွက် လူငယ်များကို မိဘအသိုင်းအဝိုင်းများမှ မှန်ကန်သည့်လမ်းကြောင်း ဖြစ်သည်ကို သိရှိပြီး ယုံကြည်အားထား၍ မြေတောင်မြှောက်ပေးရန် အဓိက လိုအပ်ကြောင်း မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း ((Myanmar Private TVET Assoc-iation-MPTA ) ဥက္ကဋ္ဌ ဦးအေးမင်းမင်းက ဒီဇင်ဘာ ၁၆ ရက်တွင် Pan Pacific Hotel ၌ ကျင်းပသည့် MPTA အသင်း (၁၀) နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ 
    ဦးအေးမင်းမင်းက MPTA အသင်းကို လွန်ခဲ့တဲ့ ၁၀ နှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သက်မွေးပညာ သင်တန်းကျောင်းသင်ကြားနေတဲ့ ကျောင်းတွေရှိတယ်။ အဲဒီကျောင်းတွေက ပုဂ္ဂလိက သက်မွေးပညာကျောင်းကို တိုးတက်အောင် စုပေါင်းအားနဲ့ လုပ်ရမှာရှိတယ်။ ဒါကြောင့်  ဒီ MPTA အသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ သက်မွေးပညာရပ်ကို သင်ယူဖို့ လူငယ်တွေက တန်ဖိုးထားလာတယ်။ ဒီလိုသင်ယူဖို့အတွက် လမ်းကြောင်းပေါ်ကို ရောက်လာဖို့ မိဘအသိုင်းအဝိုင်းတွေက ဒါဟာ မှန်ကန်တဲ့လမ်းကြောင်းဆိုတာကို သိရှိပြီးတော့ ယုံကြည်အားထားပြီး မြေတောင် မြှောက်ပေးလာဖို့ ဒါက အဓိကလိုအပ်ချက် ဖြစ်ပါတယ်။ ကိုယ့်ဘဝရပ်တည်ရေး အောင်မြင်အောင် လုပ်တဲ့နေရာမှာ ပညာနဲ့အခြေပြု ပြီးတော့ ရပ်တည်မယ်ဆိုရင် သက်မွေးပညာရပ်တွေက မဖြစ်မနေ လေ့လာသင်ယူပြီးတော့ အဆင့်တစ်ခု အထိလေ့လာပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးစားနိုင်ရင် ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းကြောင်းကို အများကြီးထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသိရှိ လာနိ-ုင်အောင် ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်းသည် ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် အသင်းဝင်ပေါင်း ၃၀၀ ကျော်၊ အဖွဲ့အစည်းအနေဖြင့် ၃၀ ကျော် ရှိကြောင်း၊ မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း (Myanmar Private TVET Association - MPTA ) သည် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခု ၂၀၂၄ ခုနှစ်တွင် ၁၀ နှစ်သက်တမ်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်၊၊
   MPTA  အသင်း၏ ဒုတိယဥက္ကဋ္ဌ ဒေါ်သွေးသွေးမောင်က သက်မွေးကဏ္ဍက အရင်တုန်းက လူထုကြားထဲမှာ သိပ်ပြီးတော့ ပေါ်ပြူလာ မဖြစ်ဘူး။ အမှတ်များများနဲ့အောင်တဲ့ ဆရာဝန်လိုင်းတို့၊ ပေါ်ပြူလာဖြစ်တဲ့ လိုင်းကိုပဲ သွားချင်ကြတယ်။ ကျောင်းသူ ကျောင်းသားတွေရော၊ မိဘတွေရောက ဒီ အတိုင်းပါပဲ။ ဒါမှ အောင်မြင်မယ်၊ တိုးတက်မယ်ပေါ့၊ တကယ်လည်းဟုတ်ပါတယ်။ သက်မွေးကဏ္ဍမှာ ဘယ်ပညာမဆို လေ့လာထားပြီးတော့ အောင်မြင်အောင် လုပ်လို့ရတယ်။ သက်မွေးပညာကဏ္ဍ အောင်မြင်ဖို့အတွက် အမြင်လေးတွေ ပြောင်းဖို့ လိုအပ်ပါတယ်။ အဲဒီလိုပြောင်းလဲဖို့ ကျွန်မတို့အနေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးနေတယ်။ အတွေးအမြင်လေးတွေ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ သင်တန်းတွေပို့ချတဲ့နေရာမှာလည်း အွန်လိုင်းကနေ သင်လို့မရဘူး။ ဆိုင်ကယ်ပြင်မယ်ဆိုရင် ဆိုင်ကယ်တစ်စီးလုံးကို ချပြီး တကယ်သေချာ လက်တွေ့ သင်ကြားပေးရပါတယ်။ များသောအားဖြင့် သင်တန်းတော်တော်များများကို အခမဲ့ ပေးနေတာတွေ ရှိသလို၊ တစ်ခါ တလေ အခန်းခနဲ့ သင်ကြားရေး ဆရာခ ဒီလောက်ကိုပဲယူပြီး သင်ကြားပေးပါတယ်ဟု ပြောကြားခဲ့သည်။  သက်မှူး

Total Views ~ 229

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43604

© 2022 - 2025 News. All Rights Reserved.