၂၀၂၀ ရွေးကောက်ပွဲ  'မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ'အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များအား Website နှင့် Mobile Application တို့တွင် လွှင့်တင်ထား

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့ သည့် 'မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ'အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို နိုဝင်ဘာ ၂၂ ရက်တွင် လွှင့်တင်ထားပြီးဖြစ်၍ ပြည်တွင်းပြည်ပမှ လေ့လာ လိုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သတင်း ထုတ်ပြန်ထားသည်။
    အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း စိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးအပေါ် ခြုံငုံ စစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန်စသည့် ဘာသာစကား ငါးမျိုးဖြင့် လွှင့်တင်မည်ဖြစ်၍ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။ နဒီ

Total Views ~ 140

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43369

© 2022 - 2025 News. All Rights Reserved.