ရန်ကုန်၊ ဧပြီ ၄
၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မတ်အထိ သုံးလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင် ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်သေတ္တာ တင်သင်္ဘော အစီးရေ ၁၅၀ ကျော်ဝင် ရောက်ဆိုက်ကပ် ကုန်သွယ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သည်။
စာရင်းအရ ဇန်နဝါရီတွင် ၄၉ စီး၊ ဖေဖော်ဝါရီတွင် ၅၃ စီး၊ မတ်တွင် ၅၅ စီး ဝင်ရောက်ဆိုက်ကပ်ခဲ့ ပြီး စုစုပေါင်း သုံးလအတွင်း အစီးရေ ၁၅၇ စီးဖြစ်ကာ လာမည့်ဧပြီတွင် အစီးရေ ၅၀ ခန့် ထပ်မံဝင်ရောက် ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဝင်ပေါက် သီလဝါကမ်းလွန်တွင် တန်ချိန်များပြားသည့် သင်္ဘောကြီးများပါဝင် ရောက်နိုင်ရန် ရေလမ်းကြောင်းဖော်ဆောင်မှုများ ဆောင်ရွက်ပြီးနောက်ပိုင်း ယခုနှစ်အတွင်း တန်ချိန်များပြားသည့် ကုန်တင်သ င်္ဘောကြီးများ အပါအဝင် လစဉ်အစီးရေ ၅၀ ကျော်၊ ၆၀ ခန့် ပုံမှန်ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း အစီးရေ ၆၄၅ စီး ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်သကဲ့သို့ ၂၀၂၂ ခုနှစ်တွင် ၆၄၇စီး ဝင်ရောက်ဆိုက်ကပ် ကုန်သွယ့်ခဲ့သည်။
ဆိုက်ကပ်လာသည့် ကုန်သွယ်သင်္ဘောများကို ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင် ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၇ စီး၊ ရန်ကုန် သီလဝါအပြင် ဆိပ်ကမ်း ဧရိယာတွင် ဆိပ်ကမ်းတံတား ၁၉ စီး စုစုပေါင်း ၄၆ စီး ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဆိုသည်။
မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်း၊ လယ်ယာထွက်ကုန်များနှင့် ရေထွက်ပစ္စည်း များကို ဥရောပ၊ အမေရိက၊ အာဖရိက၊ အာရှနှင့် အခြားနိုင်ငံများသို့ အဓိက ပြန်လည် တင်ပို့လျက်ရှိပြီး ပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေး၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရေး၊ နိုင် ငံတကာ သင်္ဘောလိုင်းအသီးသီးနှင့် ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။