၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ငါး၊ ပုစွန်သားပေါက်ကောင်ရေ သိန်း ၄၀၀ ကျော် မျိုးစိုက်ထည့်ရန် လျာထား

ရန်ကုန်၊ သြဂုတ် ၆
    ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင်  နှစ်လက်မအရွယ် ငါး၊ ပုစွန်သားပေါက် ကောင်ရေ ၄၀၅ ဒသမ ၁၀ သိန်းမျိုးစိုက်ထည့်ရန် လျာထားကြောင်း စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းထုတ် ပြန်ထားသည်။
    ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို သြဂုတ် ၃ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာ ပေါင်းလောင်းချောင်းတွင် ကျင်းပခဲ့ပြီး ယင်းသို့ သတင်းထုတ်ပြန်ခဲ့သည်။
    မြန်မာနိုင်ငံတွင် ရေချိုငါးသယံဇာတများ ရှင်သန်ပွားများနိုင်သည့် ရေပြင်ဧရိယာစုစုပေါင်း ဧက သန်း ၅၀ ကျော်ရှိပြီး အဆိုပါ သဘာဝရေချိုရေပြင်များတွင် တည်ရှိနေသော ငါးသယံဇာတများမှာ နှစ်စဉ်ငါး ဖမ်းဆီးထုတ်လုပ်မှု၊ သဘာဝအလျောက်သေ ဆုံးမှု၊ ရေထုညစ်ညမ်းလာမှု၊ ရောဂါကျရောက်မှု၊ သဘာဝအစာ ကွင်းဆက်အရ အချင်းချင်းစားသုံးမှု၊ ရာသီဥတုဖောက်ပြန်မှုများ စသည်တို့ကြောင့် လျော့ကျလာလျက်ရှိရာ ငါးသယံဇာတများ ပြန်လည်ဖြစ်တည်လာစေရန် ငါးမျိုးစိုက်ထည့်ခြင်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို သို့ ငါးမျိုးစိုက်ထည့်ခြင်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ တစ်နိုင်ငံလုံးအနေဖြင့် နှစ်လက်မအရွယ် ငါး၊ ပုစွန်သားပေါက်ကောင် ရေ ၄၀၅ ဒသမ ၁၀ သိန်း လျာထားခဲ့ပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
    ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ငါး၊ ပုစွန်သားပေါက်ကောင်ရေ သိန်း ၂၁၀ မျိုးစိုက်ထည့်နိုင်ခဲ့ပြီးဖြစ်၍ ပြည်သူများအနေဖြင့်လည်း ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ နေစေရန်နှင့် ငါးရိက္ခာများ ပိုမိုထုတ်လုပ်ပြီး တိုးတက်လာလျက်ရှိသည့် လူဦးရေအတွက် ငါးရိက္ခာဖူလုံစွာ ဖြည့်တင်းပေးနိုင်စေရန် လက်တွဲပါဝင်ပူး ပေါင်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးမင်း နောင်က တိုက်တွန်းပြောကြားခဲ့သည်။
    အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ပေါင်းလောင်းချောင်း အတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ တစ်သိန်း မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
နဒီ

Total Views ~ 375

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43270

© 2022 - 2025 News. All Rights Reserved.