Hapag-Lloyd ကွန်တိန်နာသင်္ဘောများ Starlink ဂြိုဟ်တုအင်တာနက် စတင်အသုံးပြု

၂၀၂၃ စက်တင်ဘာ ၂၈

Hapag-Lloyd သည် စမ်းသပ်မှုအဆင့် အောင်မြင်ခဲ့ပြီးနောက် ၎င်း၏ ရေယာဉ်စုမှ ကုမ္ပဏီပိုင်နှင့် စင်းလုံးငှား ကွန်တိန်နာသင်္ဘောများ အကုန်လုံးတွင် Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှု စတင်အသုံးပြုပါသည်။  Hapag-Lloyd သည် သယ်ဆောင်နိုင်သော စုစုပေါင်း TEU အရ ကမ္ဘာ့ပဉ္စမအကြီးဆုံး ကွန်တိန်နာသင်္ဘောလိုင်းဖြစ်သည်။

ကွန်တိန်နာသင်္ဘောများ အစီးရေ ၂၅၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိပြီး ကုမ္ပဏီပိုင် ကွန်တိန်နာသင်္ဘောများ ၁၂၂ စီး ရှိသည်။ သင်္ဘောများ အားလုံးတွင် မြန်နှုန်းမြင့် အင်တာနက် အချိန်ပြည့် ချိတ်ဆက်ပေးထားခြင်းကြောင့် သင်္ဘောသားများ၏ သက်သာချောင်ချိရေး၊ လုပ်ငန်းဆောင်ရွက်မှု ထိရောက်မှုနှင့် ဘေးကင်းမှုကို မြှင့်တင်ပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိသည်။ Starlink ကွန်ရက်သည် 250 Mbps bandwidth အထိ ပေးနိုင်သည်။ 

Hapag-Lloyd သင်္ဘောသားများသည် မေလမှစတင်၍ သင်္ဘောလေးစင်းပေါ်တွင် Starlink အင်တာနက်ကို စမ်းသပ်အဆင့် သုံးစွဲခဲ့ကြသည်။ video call များ၊ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ခြင်းများ အဆင်ပြေကြောင်း တွေ့ရသည်။ "Starlink  မြန်နှုန်းမြင့် ဂြိုလ်တုအင်တာနက်ကို ကျွန်တို့ရဲ့ သင်္ဘောသားတွေ သုံးခွင့် ရကြအောင် ဆောင်ရွက်ပေးနိုင်တာကြောင့် အလွန်ဝမ်းသာမိပါတယ်" ဟု Hapag-Lloyd မှ COO Dr. Maximilian Rothkopf က ပြောကြားသည်။ 

Hapag-Lloyd က Starlink စက်ပစ္စည်းများကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အပြီးသတ် တပ်ဆင်ရန် မျှော်မှန်းထားသည်။ ဝန်ဆောင်မှုကို ၂၀၂၄ ခုနှစ်အစောပိုင်းတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။

Total Views ~ 413

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43088

© 2022 - 2025 News. All Rights Reserved.