ရန်ကုန်၊ ဇန်နဝါရီ ၈
၂၀၂၄ ခုနှစ်အတွက် YBS ယာဉ်မောင်းများကို ဆုများရွေးချယ်ချီးမြှင့်ရာတွင် ခရီးသွားပြည်သူ အသိအမှတ်ပြုယာဉ်မောင်းဆုများကို ထည့်သွင်းပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရှိရသည်။
YRTC သည် ရန်ကုန်မြို့တွင်း ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် အများပြည်သူသုံး YBS ခရီး သည်တင်ယာဉ်များတွင် အဓိကကျသော ယာဉ်မောင်းများအနေဖြင့် ခရီးသည်ပြည်သူများအပေါ် တာဝန်သိစွာ ဆောင်ရွက်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဘေးအန္တရာယ်ကင်း ရှင်းစွာ မောင်းနှင်းစေရန်အတွက် စံပြယာဉ်မောင်းဆု၊ တာဝန်သိယာဉ်မောင်းဆုအပြင် ခရီးသွားပြည်သူ အသိအမှတ်ပြုဆုတွေပါ ယခုနှစ်အတွက် ထည့်သွင်း စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
YRTC ၏ တာဝန်ရှိသူတစ်ဦးက "စံပြယာဉ်မောင်းဆုမှာ YBS ယာဉ်လိုင်းကုမ္ပဏီတွေက ရွေးချယ်ပေးတဲ့ ယာဉ်မောင်းကို ကျွန်တော်တို့အနေနဲ့ ယာဉ်စည်းကမ်းထိန်း သိမ်းမှုမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စိ စစ်ပြီး ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ တာဝန်သိ ယာဉ်မောင်းဆုကတော့ တစ်နှစ်ပတ်လုံးမှာ ခရီးသွားပြည်သူတွေ မေ့ကျန်ခဲ့တဲ့ပစ္စည်း ပြန်လည်ပေးအပ်တဲ့ ယာဉ်မောင်းတွေကို ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ Social မီဒီယာတွေမှာ ယာဉ်မောင်းတချို့ကို ချီးမွမ်းပြောဆိုတာတွေရှိပါတယ်။ ဒါကြောင့် ခရီးသွားပြည်သူတွေ အသိအမှတ်ပြု ယာဉ်မောင်းဆုကိုလည်း ထည့်သွင်းပေးအပ်သွား မှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် YBS ယာဉ်မောင်းဆုများ ချီးမြှင့်ပေးမှုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အခမ်းအနားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်တွင် YBS စံပြယာဉ်မောင်း ၄၄ ဦးနှင့် တာဝန်သိ ယာဉ်မောင်း ၅၄ ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
သက်မှူး