e-ID စနစ် ကိုယ်ရေးအချက်အလက်များ ကိုက်ညီမှုရှိ/မရှိ အွန်လိုင်းမှ တိုက်ဆိုင်စစ်ဆေးနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၈
     ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များအား ရုံးမှတ်တမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ Online မှတစ်ဆင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
    တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်ပြည့်စုံရေးသည် နိုင်ငံသားတိုင်းအတွက် အလွန်အရေးကြီးသည့်အတွက် အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနသည် e-ID စနစ်တွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန် ပြည့်စုံမှု ရှိစေရေးအတွက် ကိုယ်တိုင်ကိုယ်ရေး အချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ Online မှတစ်ဆင့် တိုက်ဆိုင်စစ်ဆေးနိုင်သည့် Web Application တစ်ခု တည်ဆောက်ခဲ့ကြောင်း သိရသည်။
    အဆိုပါ Web Application ကို အသုံးပြု၍ ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင်ပါရှိသည့် ကိုယ်ရေးအချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တွင် ပါရှိသည့် အချက်အလက်များအား ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စစ် ဆေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိ/မရှိအား servie.eid.gov.mm တွင် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း သိရသည်။
    တိုက်ဆိုင်စစ်ဆေးရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား မှန်ကန်စွာဖြည့်စွက်ရန် လိုအပ်မည်ဖြစ်ပြီး၊ အချက်အလက် လုံခြုံမှုရှိစေရေးအတွက် ကာယကံရှင်ကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။ အချက်အလက် တိုက်ဆိုင်စစ် ဆေးထားရှိမှု အခြေအနေအား QR Code ဖြင့် ပြန်လည်စစ်ဆေးနိုင်မည်ဖြစ်ပြီး၊ မှန်ကန်မှု ရှိ/မရှိ အကြောင်းပြန်ကြားပေးရာတွင် Data Privacy အရ ကိုယ်ရေးအချက်အလက် အသေးစိတ်အား ဖော်ပြပေးမည် မဟုတ်ဘဲ၊ မှန်ကန်မှု ရှိ/မရှိ အခြေအနေကိုသာအကြောင်း ပြန်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 111

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43230

© 2022 - 2025 News. All Rights Reserved.