၂၀၂၅ ၊ စက်တင်ဘာ ၁၁
မြန်မာနိုင်ငံတွင် အကြီးဆုံးသောကစားကွင်း Pokiddo Sports Factory ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ Pokiddo Brand သည် ကိုရီးယားနှင့် တရုတ်ဖက်စပ်အနေဖြင့် စတင်ခဲ့ပြီး တရုတ်နိုင်ငံအပြင် US, Europe နှင့် အာရှတိုက်အပါအဝင် ကမ္ဘာတစ်ဝန်းတွင်လည်း ဆိုင်ခွဲပေါင်း ၄၀ ကျော်နှင့် စုစုပေါင်း ဆိုင်ခွဲပေါင်း ၈၀ ကျော် အောင်မြင်စွာ ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံမှ တစ်ဦးတည်းကိုယ်စားလှယ်အနေဖြင့် ပူးပေါင်းဆောင်ရွက်သည့် အခြေအနေများကို Golden Park Hotel \ Design Manager ဒေါ်အေးသက်နွယ်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ Pokiddo Brand နဲ့ ပတ်သက်ပြီး အရင်ဆုံး မိတ်ဆက်ပေးပါဦး။
DATN ။ ။ Pokiddo Brand က ကိုရီးယားနဲ့ တရုတ် Joint Venture အနေနဲ့ လုပ်ငန်းစတင်ခဲ့ပြီးတော့ တရုတ်နိုင်ငံမှာ ကြီးထွားလာတဲ့ Brand တစ်ခုဖြစ်ပါတယ်။ ခုဆိုရင် ကမ္ဘာနဲ့တစ်ဝန်း ဆိုင်ခွဲပေါင်း ၄၀ ကျော်နဲ့ Pokiddo မှ ဦးဆောင်ပြီး အခြားသော လုပ်ငန်းရှင်များကို တည်ထောင်ပေးထားတဲ့ Brand ပေါင်း ၄၀ ကျော်၊ စုစုပေါင်း တရုတ်ပြည်မှာ Pokiddo နှင့် ပတ်သက်သော ဆိုင်ခွဲပေါင်း ၈၀ ကျော်အပြင် တရုတ်နိုင်ငံ ပြင်ပဖြစ်တဲ့ US၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာရှတိုက်မှာရှိတဲ့ အခြားသော နိုင်ငံများတွင်လည်း ဆိုင်ခွဲပေါင်း ၄၀ ကျော် ဖွင့်လှစ်ထားပြီး စုစုပေါင်း ၈၀ ကျော်နဲ့ အောင်မြင်စွာ ရပ်တည်နေသော Brand တစ်ခုဖြစ်ပါတယ်။ ဒီ Brand ကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး ကိုယ်စားပြုဖို့အတွက် ကျွန်မတို့ Golden Park မှ ယူလာတာ ဖြစ်ပါတယ်။ ဒီ Pokiddo Brand ဟာဆိုရင် ရန်ကုန်မှာ ပထဆုံးဖြစ်ပါတယ်။

TREND ။ ။ အကြီးဆုံး ကစားကွင်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်လေးလည်း ပြောပြပေးပါဦး။
DATN ။ ။ Pokiddo ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုမပြောခင် မိခင် Company ဖြစ်တဲ့ Golden Park ရဲ့ ရည်ရွယ်ချက်ကို အရင်ပြောပါမယ်။ Golden Park ကဆိုရင် အရွယ်သုံးပါးဖြစ်တဲ့ ဘိုးဘိုးဘွားဘွား၊ ဖေဖေ မေမေ၊ သားသားမီးမီးအားလုံး လုံခြုံစိတ်ချစွာ၊ စုံလင်စွာ စားသောက်၊ အနားယူ အပန်းဖြေနိုင်အောင် (EAT, DRINK, CHILL) ဆိုပြီး ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ Golden Park မှာ အားလုံး အပန်းဖြေဖို့အတွက် နေရာတွေရှိပြီး ဖြစ်ပါတယ်။ ဥပမာပြောမယ်ဆိုရင် စားဖို့သောက်ဖို့အတွက် စီချွမ်၊ မာလာအစားအစာ တွေ၊ ကိုရီးယားအစားအစာတွေ၊ အပန်းဖြေဖို့အတွက် ကိုရီးယားချွေးထုတ်ခန်း၊ Hotel၊ ကျန်းမာရေး အနှိပ်ခန်းဖြစ်တဲ့ Health Land နဲ့ အလှအပရေးရာအတွက် CLEAN & DETOX ဆိုပြီး အစစအရာရာ အားလုံးရှိနေပြီး ဖြစ်ပါတယ်။ အားလုံးရှိနေပြီး သားသားမီးမီးတို့အတွက်ကျတော့ မပြည့်စုံဘူး ဖြစ်နေတာ ပေါ့နော်။ အဲ့ဒီအတွက် ကြောင့်မို့လို့ ဒီ Pokiddo လေးကို ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။

TREND ။ ။ Pokiddo က တခြားကစားကွင်း တွေထက် ဘယ်လိုထူးခြားချက်တွေရှိလဲ သိပါရစေ။
DATN ။ ။ Pokiddo က မြန်မာပြည်မှာ အကြီးဆုံးကစားကွင်းဖြစ်ပြီး နှစ်ထပ်အဆောက်အအုံမှာ ကစားနည်းတွေကို စုံလင်စွာ ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ နှစ်ထပ်အဆောက်အအုံ ဖြစ်တဲ့အတွက် Slide တွေကို စီးရတဲ့အခါ အပေါ်ထပ်ကနေ အောက်ထပ်ကို စီးတဲ့အခါမှာ အရမ်း ရင်ခုန် စိတ်လှုပ်ရှားစရာ ပိုပြီးကောင်းပါတယ်။ ပထမထပ်နဲ့ ဒုတိယထပ်ကို ဝင်္ကပါလို သွားရောက်ရလို့ ကလေးတွေကို ပိုပျော်စေမှာပါ။ ဒုတိယအချက်က နိုင်ငံခြားမှာသာရှိပြီး မြန်မာပြည်မှာ မရှိသေးတဲ့ ကစားနည်း တွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲ့ဒါက ဘာတွေလဲဆိုရင် ဥပမာ - Rope Couse, Leap to Faith, Pakour Pic We စတဲ့ ကစားနည်းတွေရှိပြီး Ceiling အမြင့်ပေ ၄၀ မှာ တည်ဆောက်ထားတဲ့ Rope Course ကဆိုရင် လူငယ်တွေအတွက် သာမက ၃၀ ကျော် ၄၀ တွေအတွက်ပါ ရင်ခုန်စိတ်လှုပ် ရှားစရာကောင်းသော ကစားနည်း ဖြစ်ပါတယ်။ စွန့်စားခြင်းကို သဘောကျတဲ့သူတွေ အကြိုက်တွေ့စေမယ့် ကစားနည်းလည်း ဖြစ်ပါတယ်။ Leap to Faith ကစားနည်းက တာဝါတိုင်ပေါ်တက်ပြီး ချိတ်ဆွဲထားသော Boxing အိတ်ကို ခုန်ဖက်ပြီး ဆော့ရတဲ့ ကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး Pokiddo မှာပဲရှိတဲ့ စိတ်လှုပ်ရှား စရာကောင်းသော ကစားနည်း ဖြစ်ပါတယ်။ Pakour ကစားနည်းက အရှေ့အလယ်ပိုင်းဒေသတွေမှာ ရှိပြီး အိုလံပစ်ကစားနည်းတွေထဲက တစ်ခုကိုလည်း ထည့်သွင်းပေးတာထားတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ရေပန်းစားနေတဲ့ ကစားနည်းဖြစ်လို့ Pokiddo မှာလည်း ထည့်သွင်းထားပါတယ်။ တတိယကတော့ ကစားကွင်းတွေမှာ အရှိသင့်ဆုံးဖြစ်တဲ့ First Aid Room ထည့်သွင်း တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။ Pokiddo မဖွင့်ခင် တစ်လလောက်ကတည်းက ဝန်ထမ်းများကို ကစားနည်းတွေနဲ့ပတ်သက်ပြီးရော၊ အရေး ပေါ်ကိစ္စများရှိပါကလည်း စောင့်ရှောက်ကူညီနိုင်ရန် First Aid သင်တန်းများကို ပေးထားပြီးဖြစ်သလို First Aid လက်မှတ်များလည်း ရရှိထားပါတယ်။ သင်တန်းပေးတဲ့အခါမှာလည်း နိုင်ငံခြားကပညာရှင်များကိုယ်တိုင် လာရောက် လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ Pokiddo ဟာ Safety ပိုင်းကို ပိုမိုဦးစားပေးတာကြောင့် ကစားကွင်းမှာထည့် သွင်းအသုံးပြုထားသော Safety ကြိုးများအားလုံး US မှ ကျော်ကြားတဲ့ Brand တွေကို အသုံးပြုပေးထားပါတယ်။
TREND ။ ။ Pokiddo ကစားကွင်းမှာ ဘယ် အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ ကစား လို့ရပါသလဲ။
DATN ။ ။ အသက်အရွယ်ကတော့ နှစ်နှစ်ကနေစပြီးတော့ ဆယ်ကျော်သက်ပြီးတော့ အသက်၄၀ လောက်ထိ ကစားလို့ရတဲ့ ဂိမ်းတွေရှိပါတယ်။ ဒါပေမဲ့ ကလေးငယ်၊ ကလေးလတ်၊ ကလေးကြီးတို့အတွက် ထိခိုက်ရှနာမှု နည်းနိုင်သမျှနည်းဖို့ Zone မတူအောင် စီမံခန့်ခွဲထားပါတယ်။ (၂)နှစ်ကနေ (၅)နှစ်က လေးငယ်တွေအတွက် စိတ်ခံစားမှုအပြည့်နဲ့ လွတ်လပ်စွာ ဆော့ကစားနိုင်အောင် Little Land Zone ဆိုပြီးခွဲ ထားသလို ပိုမိုလုံခြုံအောင် ဝင်းသဘောမျိုး ထပ်မံခတ်ထားပါတယ်။ (၆) နှစ်ကနေ (၁၂)နှစ်အထိ ကလေးလတ်တွေအတွက် Ninja Land Zone၊ ဆယ်ကျော်သက်ကနေ လူကြီးတွေ အထိကစားလို့ရတဲ့ Adventure Land Zone ဆိုပြီး ခွဲထားပြီး Zone အားလုံးကို ဝင်္ကပါလို ချိတ်ဆက်ထားပေမယ့် ကလေးတွေ ထိခိုက်မှုမရှိအောင် တစ်ခုနဲ့တစ်ခု အပိုင်းအခြားလေးတွေထားရှိပြီး ဝန်ထမ်းတွေကိုတာဝန် ခွဲဝေပေးထားတာမို့ လုံခြုံစိတ်ချစွာ ဆော့ကစားနိုင်ပါတယ်။ ထပ်မံပြီး အနုပညာကို စိတ်ဝင်စားသူလေးတွေ အတွက် Art Land ဆိုတဲ့ ပန်းချီ၊ ပန်းပု၊ Slime စတဲ့ အနုပညာပိုင်းဆိုင်ရာ ကစားလို့ရတဲ့ Zone လေး ရှိပါတယ်။ Free Game တွေကို နှစ်သက်တဲ့သူလေးတွေအတွက်လည်း Game Zone လည်း ရှိပါတယ်။
TREND ။ ။ စတင်ဖွင့်လှစ်မယ့်နေ့က ဘယ်နေ့မှာစတင် တရားဝင်ဖွင့်လှစ်သွားမှာလဲ။
DATN ။ ။ တရားဝင် ဖွင့်လှစ်မှာကတော့ စက်တင်ဘာ ၁၀ ရက်မှာ တရားဝင်ဖွင့်လှစ်သွားမှာပါ။ ဖွင့်ပွဲ အမှတ်တရနေနဲ့လည်း ၉ ရက်မှာ လက်မှတ်ဝယ် တဲ့သူတွေကိုလည်း Buy 1 Get 1 ဆိုပြီးတော့ ပေးထား ပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာလည်း ထူးခြားဆန်းပြားတဲ့ လျှော့ဈေးတွေနဲ့ Promotion တွေလည်း ပေးထားပါတယ်။ အစ်မတို့အနေနဲ့ကတော့ အောင်မြင်ပြီးသား Brend တစ်ခုကို မြန်မာပြည်ရဲ့ ကိုယ်စားပြုအနေနဲ့ Golden Park က ယူဆောင်လာတာ ဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ပထမဦးဆုံးဖွင့်တာပေါ့။
TREND ။ ။ ကစားကွင်း အကျယ်အဝန်းက ဘယ်လောက်ရှိမလဲ။
DATN ။ ။ Pokiddo ကစားကွင်းက Golden Park ရဲ့ Main Building မှာ တည်ရှိတာဖြစ်ပြီး နှစ်ထပ်အဆောက်အအုံလည်း ဖြစ်ပါတယ်။ နှစ်ထပ်ပေါင်း Square ft 25,000 ရှိတာဖြစ်ပြီး တချို့နေရာတွေမှာ Ceiling အမြင့်ပေ ၄၀ ကျော် ရှိပါတယ်။ ဒါ့ကြောင့် မွန်းကျပ်မှုမရှိဘဲ တခမ်းတနားနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားလို့ ရတဲ့ ရပ်ဝန်းတစ်ခုပဲ ဖြစ်ပါတယ်။
TREND ။ ။ ဆိုင်ခွဲတွေ များများဖွင့်လှစ်နိုင်ပြီး အောင်မြင်နေတာက ဘာကြောင့်လို့ထင်လဲ။
DATN ။ ။ အဲဒါကတော့ လုံခြုံရေးနဲ့ ပတ်သက်လာရင် အရမ်းသုံးပေးတယ်။ အလျှော့မခံဘူး။ အစ်မတို့လည်း တော်တော်လေး ညှိယူရတယ်။ တခြားအရာတွေရပေမယ့် Safety ပိုင်းကို လုံး၀ အထိမခံဘူး။နောက်တစ်ခုက ကစားနည်းကို ကလေးကစားနည်းမှာလည်း ဘယ်ကစားနည်းက Save ဖြစ်တယ်။ ဘယ်ကစားနည်းက Save မဖြစ်ဘူးဆိုတာကိုကြည့်ပြီး Saver ဖြစ်တဲ့ ကစားနည်းကို ချန်ထားခဲ့တယ်။ နောက်ကလေးတွေ ကစားနည်းမှာ အနောက်နိုင်ငံတွေမှာ ဘယ်ကစားနည်းတွေက Trend ဖြစ်နေလဲ။ Trend ဖြစ်နေတဲ့ကစားနည်း တွေကိုလိုက်ပြီးတော့ လုပ်ပေးတယ်။ အဲ့ဒါကြောင့်ဖြစ်ပါတယ်။
TREND ။ ။ Pokid ဝင်ကြေးအနေနဲ့နဲ့ တစ် ဦးကို ဘယ်လောက်သတ်မှတ်ထားပါသလဲ။
DATN ။ ။ Pokiddo ဝင်ကြေးအနေနဲ့ကတော့ Weekday ၂၅၀၀၀ နဲ့ Weekend ကို ၃၅၀၀၀ ဆိုပြီး သတ်မှတ်ထားပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
DATN ။ ။ ကစားကွင်းတွေက အခု ဒီမှာ အပြိုင်အဆိုင် အများကြီး ရှိနေတယ်။ Pokiddo ဆိုတဲ့အတိုင်း Safety ကို ဂရုစိုက်ပြီးတော့ လုပ်ပေးတယ်။ ဒီမှာရှိတဲ့ ကစားနည်းတွေကလည်း ကလေးတွေ ကစားရတာ ရိုးအီလာပြီဆိုရင် အသစ်တွေလဲပေးမယ်။ နောက်မှာ ဘာတွေ အောင်မြင်နေလဲ။ ဘာကစားနည်းသစ်တွေ ပေါ်နေလဲဆိုတာကို အမြဲလေ့လာပြီး ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ ထပ်မံပြီးတော့ ကစားနည်းသစ်တွေလည်း တိုးချဲ့လုပ်ဆောင်ပေးသွားဖို့ ရှိပါတယ်။ စီစဉ်ထားတာတွေလည်း အများကြီး ရှိပါသေးတယ်။
( သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )