၂၀၂၅ မတ် ၇
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံလူမှုဘ၀ မြှင့်တင်ရေးကိုရည်ရွယ်၍ ဘေးကင်းလုံခြုံသော သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် Bajaj အမှတ်တံဆိပ် လူစီးသုံးဘီးကုမ္ပဏီမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူစီးသုံးဘီးယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ကုန်ပစ္စည်းမိတ်ဆက်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ Mandrian ဟိုတယ်၌ ကျင်းပခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။
TREND ။ ။ Bajaj အမှတ်တံဆိပ် လူစီးသုံး ဘီးယာဉ်အကြောင်း ရှင်းပြပေးပါဦး။
UAKM ။ ။ Bajaj အမှတ်တံဆိပ် လူစီးသုံး ဘီးယာဉ်တွေက အိန္ဒိယ Brand ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီဇိုင်းရေးဆွဲ တပ်ဆင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာကတော့ ထူးခြားချက်တစ်ခုအနေနဲ့ ကရင်ပြည်နယ် ဘားအံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စက်ရုံမှာ တပ်ဆင်ပါတယ်။ တပ်ဆင်ပြီးတော့မှ မြန်မာပြည် အနှံ့မှာရှိတဲ့ Bajaj ကိုယ်စားလှယ်ဆိုင်တွေကနေတစ်ဆင့် သုံးစွဲတဲ့သူတွေကို မျှဝေပေးပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Bajaj လူစီးသုံးဘီးယာဉ်တွေက ရောင်းအားအကောင်းဆုံး ဖြစ်နေပါတယ်။ အခြေခံကတော့ အရည်အသွေးပိုင်း အကောင်းဆုံး ဖြစ်တယ်။ နောက်ပြီး မူပိုင် နည်းပညာတွေဖြစ်တဲ့ အင်ဂျင်အအေးပေးစနစ်တွေမှာ ပလပ်နှစ်လုံး သုံးထားတယ်။ အင်ဂျင်အအေးပေးစနစ် နှစ်မျိုးသုံးထားတယ်။ လေပန်ကာ အအေးပေးစနစ်၊ အင်ဂျင်ရဲ့ အတွင်းပိုင်းက အင်ဂျင်ဝိုင်တွေကို အအေးပေးတဲ့စနစ်၊ အင်ဂျင်ပိုင်းဆိုင်ရာ နည်းပညာတွေကလည်း မြင့်မားပြီးတော့ အရည်အသွေးပိုင်းက ကောင်းတယ်။
TREND ။ ။ Bajaj လူစီး သုံးဘီးယာဉ်တွေနဲ့ ပတ်သက်ပြီး အပိုပစ္စည်း ထုတ်လုပ်မှု အပိုင်းကိုလည်း ရှင်းပြပေးပါဦး။
UAKM ။ ။ ရေရှည် အသုံးခံပြီးတော့ တစ်ပတ်ရစ် ဈေးကွက်မှာ ပြန်ရောင်းမယ်ဆိုလည်း ဈေးကောင်းရပါတယ်။ အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းရေး ကဏ္ဍမှာဆိုရင်လည်း ပြည့်ပြည့်စုံစုံ လုံလုံလောက် လောက်ရှိအောင် ထောက်ပံ့ပေးတယ်။ အပိုပစ္စည်းတွေ၊ အင်ဂျင်ဝိုင်တွေ၊ တာယာတွေကအစ ပြီးရင် ဒေသတွင်းမှာရှိတဲ့ ကိုယ်စားလှယ်တွေ ခန့်အပ်ပြီးတော့ ကိုယ်စားလှယ်ဆိုင် တွေမှာဆိုရင်လည်း ယာဉ်တွေကို စနစ်တကျနဲ့ စစ်ဆေးပြုပြင်တတ်အောင် လေ့ကျင့်သင်ကြားပေးတယ်။ မန္တလေးမှာ ဆိုလို့ရှိရင်လည်း တောက်လျှောက် စာတွေ့၊ လက်တွေ့ Training ပေးတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးမှာလည်း Training တွေ ပေးခဲ့တယ်။ အခုဆိုရင် ပဲခူးတိုင်းဒေသကြီးမှာ လည်း Training တွေပေးအပ်သွားဖို့ ရှိပါတယ်။ သုံးစွဲတဲ့ မြို့နယ်တွေမှာ စနစ်တကျပြင်တတ်တဲ့ Mechanic တွေ ကိုလည်း အခမဲ့ ပညာဒါနအနေနဲ့ မွေးထုတ်ပေးတဲ့ ပရိုဂရမ် အစီအစဉ်တွေလည်း ရှိပါတယ်။
TREND ။ ။ ရန်ကုန်တိုင်းထဲ လူစီးသုံးဘီး ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်တွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
UAKM ။ ။ အခမ်းအနား တက်ရောက်လာကြတဲ့ Bajaj သုံးဘီးယာဉ်ပိုင်ရှင်တွေရော၊ ဆိုက်တွဲ မောင်းတဲ့သူတွေရော အခြားဧည့်ပရိသတ်တွေရော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောတဲ့ အခမ်းအနား ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခြေခံလူမှုဘ၀ မြင့်မားလာဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ်အနေနဲ့ ရည်ရွယ်ပါတယ်။ Bajaj လူစီးသုံးဘီး ထုတ်ကုန်တွေကို ဘယ်လိုအသုံးချလို့ရလဲပေါ့နော်။ ကိုယ်တိုင် လုပ်ဆောင်ချင်တယ် ဆိုရင်လည်း ဘယ်လိုမျိုး အသုံးချလို့ ရတယ်။ ပြီးရင် တက္ကစီလိုင်းတွေ ထောင်ချင်တယ်။ အငှားယာဉ်လိုင်း တွေ ထောင်ချင်တယ် ဆိုလို့ရှိရင်လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းလို့ ရပါတယ်။ ဒါတွေကို ကိုယ်တိုင်မောင်းမှ၊ ဝယ်မှမဟုတ်ဘဲနဲ့ ဒီလိုမျိုး အလုပ်အကိုင် အခွင့်အလမ်းတွေကို လိုအပ်နေတဲ့ သူတွေကို မျှဝေပေးပြီးတော့မှ အသုံးပြုချင်တဲ့ သူတွေအနေနဲ့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ပေးမယ်ဆိုရင် အကျိုးဆောင်အနေနဲ့ ဘယ်လိုမျိုး ခံစားခွင့် ရရှိနိုင်တယ်ဆိုတဲ့ အခွင့်အလမ်းတွေ အားလုံးကို မျှဝေပေးမယ့် အစီအစဉ်တွေ လည်း ဖြစ်ပါတယ်။
TREND ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်အစီးရေ ဘယ်နှစီးလောက် ရောင်းချထားပြီး ပြီလဲ။
UAKM ။ ။ Bajaj အမှတ်တံဆိပ် လူစီးသုံး ဘီးယာဉ်ကို ကရင်ပြည်နယ် ဘားအံမြို့မှာရှိတဲ့ စက်ရုံ ကနေထုတ်လုပ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိတဲ့ တိုင်းနဲ့ပြည် နယ်အသီးသီး အသုံးပြုလျက်ရှိပါတယ်။ အခု ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးထဲ အစီးရေ ၁၀၅၇ စီးရောင်းချပြီး ပြီးဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ခွင့်ပြုထားတဲ့ ခရိုင်ငါးခုမှာ သတ်မှတ်ဧရိယာ ၁၃ မြို့နယ် ရှိပါတယ်။ သုံးဘီးတွေကို ကိုယ်ပိုင်လုပ်ငန်း တစ်ခု စတင်ဖို့အတွက် ဝယ်ယူချင်တယ်ဆိုရင် အရစ်ကျစနစ်မှာ ရွေးချယ်စရာတွေ အများကြီးရှိ တယ်။ အတိုးနှုန်းတွေလည်း သက်သာတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုလို့ရှိရင် မြို့တွင်း စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှာ ၁၃ မြို့နယ် ရှိပါတယ်။ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင် စတဲ့ မြို့နယ်တွေမှာ တရားဝင်ပြေး ဆွဲခွင့်ရရှိနေတာ ဖြစ်ပါတယ်။
TREND ။ ။ သုံးဘီးယာဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဝန်ဆောင်မှုတွေ ရရှိနိုင်လဲဆိုတာ ပြောပြပေးပါဦး။
UAKM ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ထဲမှာဆိုလို့ရှိရင်တော့ သန်လျင်၊ ဒလ၊ တွံတေး၊ လှိုင် သာယာ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး ဒီမြို့နယ်တွေမှာ Bajaj ကိုယ်စားလှယ်ဆိုင်တွေ ရှိပါတယ်။ ဒီကိုယ်စားလှယ်ဆိုင်တွေမှာ ဆိုလို့ရှိရင်လည်း လက်ငင်းဝယ်လို့ရတာရှိသလို အရစ်ကျဝယ်လို့ရတာလည်း ရှိပါတယ်။ အဲဒီတော့ အရစ်ကျဆိုလို့ရှိရင်လည်း ဘယ်လိုပုံစံတွေရှိလဲဆိုတာကို မျှဝေမယ်။ နောက်ပြီး ဒီသုံးဘီးကို အသုံးပြုပြီဆိုရင် အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းရေးကဏ္ဍတွေပါ လာပြီ။ Bajaj သုံးဘီးယာဉ်တွေ မောင်းမယ်ဆိုလို့ရှိရင် လိုင်စင်ကဏ္ဍမှာဆိုလို့ရှိရင် ခွင့်ပြုထားတဲ့ ရန်ကုန်လိုင်စင် ရပါတယ်။ လုပ်ငန်းလိုင်စင်လည်း ရနိုင်ပါတယ်။ စိတ်ချလက်ချဖြစ်ဖို့ဆိုရင် ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) လည်း ဝင်နိုင်တယ်။ ဒါနဲ့ လုပ်ငန်းစချင်တဲ့သူတွေအနေနဲ့ ဝယ်တဲ့အချိန်ကစပြီး တောက်လျှောက်လုပ်နေတဲ့တစ်လျှောက်လုံးမှာ လိုအပ်တဲ့ဟာ သိသင့်သိထိုက်တဲ့ဟာတွေ အကုန်လုံးကို ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
TREND ။ ။ သုံးဘီးယာဉ်တွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီပိုင်းအနေနဲ့ရော လိုင်စင်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ဆောင်ရွက်ပေးတာ ရှိပါသလဲ။
UAKM ။ ။ ဒီသုံးဘီးယာဉ်ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းထဲက Customer တစ်ယောက်က ဝယ်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာက ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှိတယ်။ ကိုယ်စားလှယ်ဆီမှာကတော့ ဝယ်ယူသွားတဲ့ Customer နဲ့ပတ်သက်တဲ့ အချက်အလက်တွေရှိတယ်။ ဒီအချက်အလက်တွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ပေးပို့ပြီးတော့မှ တရားဝင် ရန်ကုန်လိုင်စင်ကို ချပေးတာဖြစ်ပါတယ်။ စနစ်တကျဖြစ်ဖို့ကျတော့ ရန်ကုန်တိုင်းမှာ YCTA အဖွဲ့ အစည်းကနေပြီးတော့ Customer တစ်ယောက်ချင်းစီကို Register သွင်းလိုအပ်တဲ့စတေကာ၊ တက္ကစီဘုတ်တွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ မျှဝေပြီးတော့မှ ဒီဟာကို စတင်တာဖြစ်ပါတယ်။ ပြီးလို့ အချက်အလက် စုံပြီ ဆိုလို့ရှိရင် လုပ်ငန်းလိုင်စင် ထုတ်ပေးတာဖြစ်ပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပေးပါဦး။
UAKM ။ ။ ပြောချင်တာကတော့ Bajaj သုံးဘီးယာဉ်တွေက ဈေးနှုန်းတွေ သိပ်မကွာပါဘူး။ မြို့နယ်အလိုက်နဲ့ လိုင်စင်ဈေးနှုန်းအပေါ် မူတည်ပြီးတော့ပဲ ကွာသွားတာပါ။ ရန်ကုန်ဆိုရင် ဈေးနှုန်းက ၁၉၈ သိန်းကျော်ပါ။ သူကလိုင်စင်ပါပြီးသားပါ။ မန္တလေးဆိုရင် ၁၉၇ သိန်းကျော် ဖြစ်ပါတယ်။ Bajaj သုံးဘီး ယာဉ်တွေက ဝန်ဆောင်မှုပိုင်းရော၊ Service ပိုင်း အကောင်းဆုံး ဆောင်ရွက်ပေးနေပါတယ်။ နောက်ရန်ကုန်ဆိုလည်း ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူလို့ ရနေပါပြီလို့ ပြောကြားချင်ပါတယ်။ ကျေးဇူး တင်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )