ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စုအရေးမို့ ပေါ့ပေါ့လေးတော့ မတွေးစေချင်ပါ

၂၀၂၅ ၊ မတ် ၂


    ရခိုင်ပြည်နယ်အရေးဟာ သွေးအေးလို့မရတဲ့ အခြေအနေပါ။ ယခင်က နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းခဲ့တဲ့နယ်မြေဟာ အခုအခါမှာ တဖြည်းဖြည်းနဲ့ ယိုယွင်းလာနေပြီ ဖြစ်ပါတယ်။ ရခိုင်အရေးဟာ ရခိုင်လူမျိုးသက်သက် ကိစ္စလို့ဆိုလို့ မရပါဘူး။ ပြည်ထောင်စု ပဲ့ထွက်ပြီး အချိန်မရွေး အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ ပြည်ထောင်စုအမြင်ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးအတ္တကို အခြေခံပြီး လူမျိုးရေးမှိုင်းတိုက်မှုများရဲ့ အကျိုးဆက်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို အမြန်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စုစိတ်ဓာတ် ကြီးထွားပြီး အမျိုးသားရေးအမြင်မှန်တဲ့ ရခိုင်ပြည်သူလူထုအပါအဝင် ပြည်ထောင်စုသားတွေ အားလုံးမှာ တာဝန်ရှိပါတယ်။
    မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ ကမ္ဘာ့အင်အားကြီး အုပ်စုနှစ်စုအတွက် အရေးပါတဲ့နယ်မြေ တစ်ခုပါ။ အရေးကြီးတဲ့ နယ်မြေတွေထဲမှာ ရခိုင်ပြည်နယ်ဟာလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွက် နောက်ဖေးတံခါးပေါက်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်ထွက်ပေါက်၊ ကုန်းတွင်းပိတ် တရုတ်ပြည်နယ်အတွက် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် အဓိကအထောက်အပံ့နဲ့  ပိုးလမ်းမ စီမံကိန်းအတွက် အချက်အချာကျတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အလားတူ အိန္ဒိယနိုင်ငံအတွက်ဆိုရင် မဟာဗျူဟာ At East မူဝါဒအရအဓိကကျတဲ့ ပထမဆုံး ထွက်ပေါက် ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုဘက်က ကြည့်မယ်ဆိုရင် China  Contain-ment  Policy အရ ပစိဖိတ်သမုဒ္ဒရာမှာ နေရာစုံ ဝိုင်းပတ်ပိတ်ဆို့ထားနိုင်သော်လည်း ဘင်္ဂလားပင်လယ်ထွက်ပေါက်ကို ယခုအချိန်ထိ ပိတ်ဆို့ထားနိုင်ခြင်း မရှိသေးသလို ထွက်ပေါက်ကို တရုတ်က ဦးထားနိုင်တဲ့ အခြေအနေမှာရှိတဲ့အတွက် ယခုအချိန်မှာ အရေးတကြီး နယ်မြေစိုးမိုး ထိန်းချုပ်ရေးလုပ်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်အနေနဲ့ဆိုရင် သိပ်ရှည်ရှည်ဝေးဝေး ရှင်းပြစရာပင် လိုမယ်မထင်ပါ။ လူဦးပေါက်ထွက်မှုအရ နယ်မြေလွတ်တွေအများကြီးရှိတဲ့ မြန်မာပြည်ကို နယ်မြေချဲ့ထွင်ဖို့ မျက်စိကျနေတာ အသိသာကြီးပါ။ ဒီအခြေခံအကြောင်းတရားအရ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ မောင် တောဒေသမှာ ဘင်္ဂါလီပြဿနာတွေ ဖြစ်ပွားခဲ့၊ ဖြစ်ပွားဆဲ မဟုတ်ပါလား။ ဒီနေရာမှာ သမိုင်းကြောင်းအရ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့တဲ့ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ လက်ခံနေထိုင်ခွင့် ပေးလို့ရပါတယ်။ လူ့အခွင့်အရေးရှုထောင့် ကပဲကြည့်ကြည့်၊ ဥပဒေအရပဲ ကြည့်ကြည့် နေထိုင်ခွင့်ပေးကိုပေးရမှာ ဖြစ်ပါတယ်။ သို့သော် ထိုအခွင့်အရေးကို အခြေခံပြီး လိုအပ်တာထက်ပိုတဲ့ အခြေ အနေ အခွင့်အရေးယူလာရင်တော့ လက်ခံလို့ မရပါဘူး။ 
    ဒါကလည်း ခေတ်အဆက်ဆက်ပြောင်းလဲလာပြီး နှစ်ကြာလာတဲ့အတွက်လည်း ဖြစ်ပါတယ်။ ဒီဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ အခြေအနေနဲ့ သမိုင်းကြောင်းအရ မြန်မာ တိုင်းရင်းသားတွေ မဟုတ်ကြတာ ရှင်းပါတယ်။ နေရာဒေသအလိုက် နယ် စပ်ဒေသတွေမှာ ဖြစ် တတ်တဲ့ သဘာဝအရ ဖြစ်တည်ခဲ့တဲ့ အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။ လူ့သဘာဝအရ ရေကြည်ရာ ရှာတတ်တဲ့ သဘာဝရှိပေမယ့် ခေတ်စနစ်အရ နိုင်ငံတစ်နိုင်ငံကနေ နိုင်ငံတစ်နိုင်ငံကို မတရားကျူး ကျော်ဝင်ရောက်လို့ မရပါဘူး။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ဒီပြဿနာပါ။ ရိုးရိုးရှင်းရှင်းလေး စဉ်းစားဖြေရှင်းရမယ့်ကိစ္စမှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးတွေပါနေတာ အရှင်းသားပဲ ဖြစ်ပါတယ်။ 
    ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် Jammat -e- Islami ပါတီတို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီကိစ္စ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။ သူတို့ရဲ့ သတင်းထုတ်ပြန်ချက် များအရ ရိုဟင်ဂျာလို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ Jammat -e- Islami ပါတီဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အလားအလာကောင်းနေ တဲ့ အတိုက်အခံပါတီကြီးတစ်ခုပဲဖြစ်ပါတယ်။ အဲဒီပါတီအကြီးအကဲ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာ မိုဟာမက် တာဟေရ်က "တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာတစ်သန်းကျော်ကို လက်ခံထားရကြောင်း၊ ရိုဟင်ဂျာတွေကို နေရာထိုင်ခင်းပေး၊ စားနပ်ရိ က္ခာအကူ အညီပေးရုံနဲ့တင် ရိုဟင်ဂျာအရေးဟာ ပြေလည်စရာအကြောင်းမရှိကြောင်း၊ ရိုဟင်ဂျာတွေ အတွက် သူတို့ကိုယ် ပိုင်မြေအဖြစ် ရခိုင်မြောက်ပိုင်းအတွင်းမှာ သီးခြားလွတ် လပ်တဲ့နယ်မြေအဖြစ် သတ်မှတ်ကာ ပြန်လည်နေရာချထားပေးခြင်းသည်သာ အဖြေမှန်ဖြစ် ကြောင်း" ပြောကြားခဲ့တယ်လို့ သိရပါတယ်။
    ဘာဖြစ်လို့ ဘင်္ဂါလီတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့အမည်ကို သုံးစွဲလာခဲ့ကြတယ်ဆိုတာ စဉ်းစားစရာကောင်းပါတယ်။ သူ့လူမျိုးအမည် သူ့ဟာသူပြောင်းတာ ဘာဖြစ်လဲဆိုပြီး လက်ခံလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ မောင်နီကနေ မောင်ဖြူပြောင်းတာ ပြဿနာမဟုတ်ဘူး။ နောက်မှာ မျိုးရိုးအမည်ပါတဲ့ အမည်ပြောင်းတာမှာတောင် ပြဿနာရှိတယ်။ မိန်းမက ယောက်ျားယူရင် ယောက်ျားမျိုးရိုးနောက်လိုက်ရတာ ထုံးစံရှိတယ်။ သို့သော် အမေက နောက်ယောက်ျားယူလို့ မျိုးရိုးအမည်ပြောင်းရင် သားဖြစ်သူက ပထွေးနာမည် လိုက်ပြောင်းလို့မရဘူး။ ဒါ လူ့ဘောင်မှာရှိတဲ့ လူမှုစည်းကမ်း။ လူ့ဘောင် စည်းကမ်းမှာ မျိုးရိုးရှိသလို သူ့လူမျိုး၊ သူ့စရိုက်၊ သူ့သဘာဝက ရှိပြီးသား။ ဒါကို ဘင်္ဂါလီကဘာလို့ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို ပြောင်းချင်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ဘင်္ဂါလီလူမျိုးအဖြစ် ဆက်သုံးနေရင် မြန်မာနိုင်ငံအတွင်းမှာ မြန်မာတိုင်းရင်းသားအဖြစ် ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ယူလို့ မြန်မာကရော၊ ကမ္ဘာကပါ လက်ခံလိုက်ရင် နှစ်ရှည်ကြာလာတာ နဲ့အမျှ မြန်မာနိုင်ငံအတွင်းက လူမျိုးတစ်မျိုးဖြစ်သွားမှာ သေချာတယ်။ ရိုဟင်ဂျာကိုလက်ခံရင် သီးခြားနယ်မြေပါ ရသွားမယ့်သဘောမှာရှိတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ လူမျိုးကို အခြေခံပြီး ဒေသတောင်းမယ်ဆိုရင် အနိမ့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါရသွားနိုင်တယ်။ ဒီလို လူမှုစည်းကမ်း ချိုးဖောက်ပြီး လူမျိုးအမည် ပြောင်းတာက လက်ရှိကြုံတွေ့နေရတဲ့ လူဦးရေ ပေါက်ကွဲမှုပြဿနာက ပိုနေတဲ့အတွက်ပဲဖြစ် ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူဆလင်တွေအတွက် အဓိကကျတဲ့ ဘာသာကိုးကွယ်မှုက ပြောင်းသွားမှာ မဟုတ်ဘဲ Islamic နယ်မြေ ပိုရသွားမယ့်သဘော ဖြစ်တဲ့အတွက် အမြတ်ထွက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း Islamic အဖွဲ့အစည်းအသီးသီးက နည်းမျိုးစုံနဲ့ ကူညီနေကြတာပဲ ဖြစ်ပါတယ်။
    Islamic နိုင်ငံ တစ်နိုင်ငံထူထောင်ဖို့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာအမည်သတ်မှတ်ပြီး ရခိုင်ပြည်နယ် (မြောက်ပိုင်း)မှာ Islamic စစ်သွေးကြအဖွဲ့တွေ အားကောင်းအောင် ဖွဲ့စည်းပေးခဲ့တာ ဘင်္ဂလားဒေ့ရှ်က ဗိုလ်ချုပ်ကြီး ဇီယာရာမန်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေးမရခင်နှင့် လွတ်လပ်ရေးရခါစကာလ ရခိုင်ပြည်နယ် (မြောက်ပိုင်း)မှာ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တွေ စတင်ပေါ်ပေါက်ခဲ့ပေမယ့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရ ထဲထဲဝင်ဝင် ဖြစ်ပေါ်လာတာက ၁၉၇၇ ခုနှစ် ကာလဝန်းကျင်မှာ  ဗိုလ်ချုပ်ကြီး ဇီယာရာမန်က  ရည်မှန်းချက်ထား ဆောင်ရွက်ပေးခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေအရ   ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြုစုပြဋ္ဌာန်းခဲ့တာပဲ ဖြစ်ပါတယ်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီကျူးကျော်မှု အန္တရာယ်ကို စစ်ရေး၊ လုံခြုံရေးအရ ဖိဖိစီးစီး ဆောင်ရွက်ခဲ့ တာပဲ ဖြစ်ပါတယ်။
    အဲဒီအချိန်ကစပြီး ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံမှာ ရထားတဲ့ခြေကုပ်ကို အခြေခံပြီး ထပ်မံတိုးချဲ့ဖို့ တစိုက်မတ်မတ် ကြိုးစားလာခဲ့တာပဲ ဖြစ်ပါတယ်။ ဆို ရှယ်လစ်အစိုးရ လက်ထက်မှာ ခေါင်းမထောင်နိုင်ခဲ့တဲ့ ဘင်္ဂါလီတွေဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနဲ့ အရေးအခင်းအပြီးမှာ ထပ်မံ သွေးတိုးစမ်းလာခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာ မြန်မာ-ရိုဟင်ဂျာ အမည်နဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့တယ်။ အရေးအခင်းအပြီး အစိုးရအပြောင်းအလဲနဲ့ နိုင်ငံရေးပါ တီတွေ ဖွဲ့စည်းခွင့်ပေးတဲ့အခါမှာ ရိုဟင်ဂျာအမည်ခံ နိုင်ငံရေးပါတီ လေးပါတီ ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဘူးသီးတောင် ကိုယ်စားလှယ်အဖြစ် ဘင်္ဂါလီတစ်ဦး အရွေးခံရပါတယ်။ အဲဒီအကျိုး ဆက်နဲ့ အမျိုးသားညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံသားဥပဒေအရ အခွင့်အရေးရှိတဲ့အတွက် ခွင့်ပြုပေးရတဲ့ သဘောပါပဲ။ သို့သော် နောက်ပိုင်းမှာ မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်မှုတွေအရ ရပ် ဆိုင်းသွားစေခဲ့ပါတယ်။ 
    ၁၉၈၈ အရေးအခင်းကာလကစပြီး ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားဖြစ်ကြောင်း စာစောင်တွေရိုက်ပြီး လှုံ့ဆော်ခဲ့ကြတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ဆွေးနွေးတိုင်ပင်နေကြတဲ့ အမျိုးသားညီလာခံမှာ ရိုဟင်ဂျာကို မြန်မာလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုစေဖို့ ကျန်တိုင်းရင်းသားတွေကို စည်းရုံးတာ၊ မမှန်မကန် ဝါဒဖြန့်တာတွေကို ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေအရ နဝတအစိုးရလက်ထက်မှာ အနောက်ဘက်တံခါးပေါက်ကို လုံလုံခြုံခြုံ ကာကွယ်နိုင်စေဖို့ နယ်စပ်ဒေသ ကွပ်ကဲမှုဌာနချုပ်ကိုဖွဲ့ စည်းကာကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘူးသီး တောင်၊ မောင်တောဒေသကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီတွေကို စနစ်တကျ မှတ်တမ်းတင်ခဲ့ပြီး မွေးဖွား၊ သေဆုံးစာရင်းကအစ အတိအကျပြုစုထိန်းသိမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တွေနဲ့ပတ်သက်ပြီး ဖိဖိစီးစီး ပြတ်ပြတ်သားသား ကိုင်တွယ်ခဲ့သလို နှစ်နိုင်ငံနယ်စပ်အရေးကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဖြေရှင်းခဲ့တဲ့အတွက် နဝတအစိုးရသက် တမ်းတစ်လျှောက်မှာ တည်ငြိမ်အေးချမ်းခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 
    ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ပုံသဏ္ဌာန်ပြောင်းသွားပြီး နယ်စပ်ဒေသ ကွပ်ကဲမှုဌာနချုပ် ဖျက်သိမ်းလိုက်တဲ့အခါမှာ ဘင်္ဂါလီတွေ တစ်ကျော့ပြန် သွေးတိုးစမ်းလာခဲ့ပြန်ပါတော့တယ်။ အဲဒီအချိန်ကစပြီး ရခိုင်ပြည်နယ်(မြောက်ပိုင်း)မှာ ပြဿနာတွေ ဆက် တိုက် ဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါ တစ်ကျော့ပြန်တဲ့အခါမှာ ပြည်တွင်းပြည်ပအားကို အတော်ယူခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာ့အမြင်မှာ ဘင်္ဂါလီတွေက သနားစရာ အနှိမ်ခံရိုဟင်ဂျာ သတ္တဝါလေးတွေ၊ အမျိုးသားရေးနဲ့ တိုင်းပြည်ရန်ကို အသက်စွန့် ကာကွယ်ပေးနေတဲ့ တပ်မတော်က လူဆိုး။ ဒီလိုပုံ ဖန်တီးလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ယခုအချိန်မှာ အတော်သတိထားရမယ့် အနေအထားပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဟာဆီနာ ထွက်ပြေးပြီး လေလှိုင်းကပြောခဲ့တဲ့ အမေရိကန်တို့ စိန့်မာတင်ကျွန်း လိုချင်တာနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်ဒေသတွေပေါင်းပြီး ဒုတိယအရှေ့တီမောလို ခရစ္စယာန်နိုင်ငံ ဖန်တီးလိုတဲ့ ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်ကို အမေရိကန်ဗိုလ်ချုပ်တစ်ဦး လာရောက်တဲ့ကိစ္စ၊ AA က  ခေါင်းဆောင်ပိုင်းတစ်ယောက် ဘင်္ဂလားဒေ့ရှ်သွားပြီး CIA နဲ့တွေ့ခဲ့တဲ့ကိစ္စ၊ မကြာမီရက်ပိုင်းက အမေရိကန်ဗိုလ်ချုပ်တစ်ယောက် ပြောတယ်ဆိုတဲ့ AA က ရခိုင်ပြည်နယ်ရဲ့ အဓိကနယ်မြေတွေဖြစ်တဲ့ ကျောက်ဖြူနဲ့ စစ်တွေကိုတိုက်ရင် ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့ရေးလမ်းကြောင်း ဖွင့်ပေးထားပါဆိုတဲ့ ကိစ္စ၊ ဒီနေ့(ဧပြီ ၂၈ရက်) သတင်းမီဒီယာမှာ ယာယီအစိုးရ ဝန်ကြီးချုပ်ယူနွတ်ပြောတဲ့ 'ကုလသမဂ္ဂက မြန်မာနိုင်ငံ (မြောက်ပိုင်း) ရခိုင်ပြည် နယ်မှာ ရိုဟင်ဂျာတွေအတွက် သီးခြားနယ်မြေပေးရမယ်လို့ ပြောတယ်'ဆိုတဲ့ ကိစ္စတွေကို ခြုံငုံသုံးသပ်ကြည့်ရင် လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာ့ နိုင်ငံရေးအခြေအနေမှာ ဘင်္ဂါလီလွတ်မြောက်နယ်မြေ တစ်ခုရရန် ဖိဖိစီးစီး ကြိုးစားလာနေကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘင်္ဂါလီနဲ့ အစ္စလာမ္မစ် အဖွဲ့အစည်းအ သီးသီးက မွေးမြူထားတဲ့ မီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေကိုကြည့်ပါက အခုချိန်မှာ ဘင်္ဂါလီကို ရိုဟင်ဂျာအမည်ခံ လွတ်မြောက်နယ်မြေတစ်ခု ရရှိရန် ကြိုးစားနေကြတာ ငြင်းလို့မရပါဘူး။ 
    အမေရိကန်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဘင်္ဂါလီအရေးက သူ့အတွက် အရေးပါတဲ့ ကိစ္စမဟုတ်ပေမယ့် ဒီဘင်္ဂါလီတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထိန်းထားနိုင်ရင် China Containment အတွက် ခြေကုပ်ယူ ပိတ်ဆို့ထားပြီး ဖြစ်မှာပါ။ အမေရိကန် အဓိက စည်းရုံးထားတာက ဘင်္ဂလားဒေ့ရှ်က ကျောင်းသားတွေပါ။ အထူးသဖြင့် အမေရိကန်လိုလားချက်အတိုင်း အစိုးရကို ဖိအားပေးနေတဲ့ ကျောင်းသားတွေက ဂျော့ဆိုးရော့စ်ထောက် ပံ့ထူထောင်ပေးထားတဲ့ တက္ကသိုလ်ကပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို တရုတ်ကလည်း သိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို သူကလည်း လက်မလွှတ်ပါဘူး။ အမြဲတမ်း ဆက်ဆံထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ အိန္ဒိယကို ထိန်းထားချင်တာလည်း ပါပါတယ်။ ဒါကြောင့်လည်း ယူနွတ်အစိုးရလက်ထက် မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ် (မြောက်ပိုင်း) အိန္ဒိယနယ်စပ်အနီးမှာ တရုတ်ကို လေယာဉ်ကွင်းဆောက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်အတွက် အရေးကြီးတာ ရခိုင်ပြည်နယ်(မြောက်ပိုင်း)ဒေသ ဘင်္ဂါလီအရေးနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသလို အမေရိကန်ရဲ့ China Containment  Policy  အရလည်း တိုက်ရိုက် ပတ်သက်မှုမရှိတဲ့အတွက် နှစ်နိုင်ငံကြားခွ ကစားပြီး အမြတ်ထုတ်လို့ ရနေတာပဲ ဖြစ်ပါတယ်။ 
    ဒီလိုအခြေအနေတွေအရ ရခိုင်ပြည်နယ် လုံခြုံရေးအတွက် အလွန်အရေးကြီးနေပြီ ဖြစ်ပါတယ်။ ဧပြီ ၂၃ ရက်က မောင်တောမှာ ARSA က AA ကို တိုက် ခိုက်ခဲ့ပါတယ်။ ၁၅ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ၂၃ ဦးသေဆုံးပြီး ၃၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်းသိ ရပါတယ်။ ARSA စစ်သွေးကြွအဖွဲ့ကို စစ်ပညာသင်ကြား လေ့ကျင့်ဖွဲ့စည်းပေးတာက အမေရိကန်အထောက်အပံ့နဲ့ ပါကစ္စတန်ကပါ။ အဓိက အခြေပြုတာက ဘင်္ဂလားဒေ့ရှ် ဘက်မှာပါ။ ဒုက္ခသည်စခန်း အမည်ခံစခန်းတွေမှာနေပြီး ကုလသမဂ္ဂက ထောက်ပံ့ပေးထားတဲ့ရိက္ခာနဲ့ အေးအေးဆေးဆေး စစ်တိုက်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ 
    ရခိုင်ပြည်နယ်ကို သီးခြားနိုင်ငံအဖြစ်တည် ဆောက်မယ်ဆိုတဲ့ ထွန်းမြတ်နိုင်အနေနဲ့ ရက္ခိတနိုင်ငံပဲ ထူထောင်နိုင်မလား၊ ရခိုင်ပြည်နယ်ကို ဘင်္ဂါလီတွေကိုပဲ ပေးလိုက်ရမလားဆိုတာ စဉ်းစားဖို့ လိုပါမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ မြေပုံပဲ့သွားရင် ထွန်းမြတ်နိုင်တို့ AA မှာ အဓိက တာဝန်ရှိပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ ရခိုင်တစ်မျိုးသားလုံး သိက္ခာရှိစွာ ရပ်တည်နေထိုင်ခဲ့ရာက သိက္ခာမဲ့စွာ မိမိနယ်မြေတွေ ဘင်္ဂါလီကို ပေးလိုက်ရမယ့်အန္တရာယ် ကြုံတွေ့နေရပြီ ဆိုတာကို ရခိုင်တစ်မျိုးသားလုံး နားလည်ဖို့လိုပါလိမ့်မယ်။ ပြည်ထောင်စုရဲ့အားဟာ ပြည်ထောင်စုအတွင်းမှာပဲရှိ တာကို သတိထားရမှာဖြစ်ပါတယ်။ AA အနေနဲ့ ရှမ်းပြည်(မြောက်ပိုင်း)က အဖွဲ့တွေနဲ့ပေါင်းပြီး တရုတ်ရဲ့အကူအညီကို ယူခဲ့ရာကနေ အမေရိကန်နဲ့ပေါင်းဖို့ ကြိုးစားလာတာ တွေ့နေရပြီဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံနှစ်ခုကို နှစ်ဖက်ခွကစားဖို့ ရည်ရွယ်ချက်ရှိကောင်းလည်း ရှိပါလိမ့်မယ်။ အဲဒီလို ရည်ရွယ်ရင်တော့ သေချာပေါက်ပြော လို့ရနိုင်တာက AA ရော၊ ရခိုင်ပါ ရခိုင်ပြည်နယ်အတွင်းမှာ မျိုးပြုတ်သွားမှာပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရည်ရွယ်ချက်က အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းပြီး ကြက်လည်းပန်းစေ၊ ယာလည်းညက်စေ ရည်ရွယ်ချက်ပါ။ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးနဲ့ရခိုင် မြို့ရွာတွေ လျော့ပါးသွားပြီး နယ်မြေလွတ်တွေပေါ်လာရင် ဘယ်သူတွေအကြိုက်ဖြစ်မလဲဆိုတာ သတိထားဖို့လိုပါလိမ့်မယ်။  (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43168

© 2022 - 2025 News. All Rights Reserved.