ကန့်ဘလူမြိုနယ်၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ဖေဖော်ဝါရီ ၁ 

ပြီးခဲ့သည့် ဇန်နဝါရီ၃၁ ရက် မွန်းလွဲ ၁နာရီ မိနစ် ၂၀ အချိန်က ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန် ဒဏ်ရာဖြင့် အမျိုးသား ၁ ဦး ရောက်ရှိနေကြောင်းသတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများ ဆေးရုံသိုရောက်ရှိစစ်ဆေးရာ ဦးနေလင်းဦး(၃၁)နှစ် ဂါးထာကျေးရွာ ကန့်ဘလူမြိုနယ်နေသူတွင် ဝဲလက်သန်း/လက်သူကြွယ်နှင့် ယာလက်ဖဝါး တိုတွင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်စီ၊ ရင်ဘတ်ဝဲဘက် မိုင်းစထိမှန်ဒဏ်ရာ ၄ ချက်/ယာပေါင် မိုင်းစထိမှန်ဒဏ်ရာ ၃ ချက်၊ ဝဲပေါင်မိုင်းစထိမှန်ဒဏ်ရာ ၄ ချက် စုစုပေါင်းဒဏ်ရာ ၁၄ ချက်(မစိုးရိမ်ရ) ရရှိထားကြောင်း တွေ့ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကို  စိစစ်ရာတွင် ယင်းနေ နံနက်  ၉ နာရီတွင် ဒဏ်ရာရရှိသူသည် လွန်ခဲ့သည့် ၅ ရက်ခန့်က ကျေးရွာအတွင်းမှ ဝယ်ယူထားသည့် နွား ၁ ကောင်မှာ ကြိုးချည်ထားသည့်နေရာမှ ထွက်ပြေးသွား ခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ နံနက ၉ နာရီခွဲတွင် မမစ(ကန့်ဘလူ)၏ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်၊ ဂါးထာကျေးရွာ ၏ေ တာင်ဘက် ၁ မိုင်ခန့်အကွာ ဒေသအခေါ် ကိုင်းရေရှင်တောတိုက် လှည်းလမ်းသိုအရောက်၌ လမ်း၏ဝဲ ဘက်၌ အကြမ်းဖက်အုပ်စု PDF က ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဥပဒေအရအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 202

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43320

© 2022 - 2025 News. All Rights Reserved.