ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များအကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု အပေါ် မီဒီယာကျင့်ဝတ်နှင့်မညီသော မီဒီညာ၊ မီဒီယာလိမ်များက သတင်းအမှားများ ဝါဒဖြန့်

၂၀၂၃ ၊ ဖေ‌ဖော်ဝါရီ ၅ 

ကယားပြည်နယ်အတွင်း KNPP အဖွဲနှင့် KNDF အမည်ခံအကြမ်းဖက်သမားများ၏ အုပ်ချုပ်ရေး အဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ ဆေးရုံ၊ ကျောင်းများနှင့် လူနေအဆောက်အဦများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းစသော အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများအပေါ် မြိုနေပြည်သူများက ကျေနပ်မှုမရှိသဖြင့် ၎င်းတို အခြေပြုရာစခန်းကို သတင်းအတိအကျ ပေးပိုလာမှုအရ တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများရယူ၍ အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု( Counter - Terrorism Action) အပေါ် မီဒီယာကျင့်ဝတ်နှင့် မညီသောမီဒီညာ၊ မီဒီယာလိမ်များက သတင်းအမှားများဝါဒဖြန့်ချိလျက်ရှိကြောင်း တွေ့ရှိရသည်။

" အကြမ်းဖက်လုပ်ရပ်များ နည်းမျိုးစုံဖြင့်ဆောင်ရွက်"

KNPP အဖွဲနှင့် KNDF အမည်ခံအကြမ်းဖက်သမားများသည် ကယားပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရေးအတွက် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အရပ်ဘက်ခရီးသည်တင်လေယာဉ်သည် လွိင်ကော်လေဆိပ်သို ဆင်းသက်စဉ်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် လွိင်ကော်တက္ကသိုလ်နှင့် အကျဉ်းထောင်တိုအားပစ်ခတ်ခြင်း၊ ဇူလိုင် ၆ ရက် နေ့တွင် လောပိတသင်္ဘောပင်စခန်းနှင့် ဘီလူးချောင်း(၁၀) မိုင်ကုန်းစခန်းတိုအား လက်နက်ကြီး များဖြင့် လာရောက်ပစ်ခတ်ခြင်း၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် အရပ်ဘက်ခရီးသည် ပိုဆောင်ရေးလေယာဉ် ATR- 72 အား ပစ်ခတ်တိုက်ခိုက်ခြင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လေဆိပ်သို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ တွင် လေဆိပ်သို Drop Bomb များဖြင့် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် တိုက်ခိုက်ခြင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တိုတွင် လွိင်လင်လေး နယ်မြေခံတပ်ရင်းသို လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်မှုများ ပြုလုပ်လာခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

" စုစုပေါင်း ၂၁ ကြိမ်ပြုလုပ်"

ထိုအပြင် ကယားပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားအား ဇန်နဝါရီ ၁၅ ရက်နေ့ တွင် လွိင်ကော်မြို ပြည်နယ်ခန်းမရှေ့၌ ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိင်ကော်မြို၏ အရှေ့ မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာမှ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေ ရပ်ကွက်များအတွင်းသို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲဝင်အချိုနှင့် ကျောင်းသားကျောင်းသူကလေးငယ် ခြောက်ဦး၊ အပြစ်မဲ့ပြည်သူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ အကြမ်းဖက်အဖွဲ များအနေဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှု စုစုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့သည်။

" လက်နက်၊ ခဲယမ်းများသိမ်းဆည်းရမိ" 

ထိုသို အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲများက ၎င်းတို အကြမ်းဖက်မှုများလုပ်ဆောင်ရန် အခြေပြုသည့်နေရာများနှင့် လက်နက်ကြီးပစ်ခတ်သည့်နေရာများအား အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter - Terrorism Action ) များလုပ်ဆောင်ခဲ့ရာ မယ်တော်ဂူ၊ ကျိုက်ထီးရိုးလေး၊ လွယ်တမူဒေသနှင့် လွိင်ကော်မြိုပတ်ဝန်းကျင်တစ်ဝိုက်တိုတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲဝင်အချို ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အကြမ်းဖက်အဖွဲများထံမှ အလောင်း၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

" အပြစ်မဲ့ပြည်သူများ သေဆုံး "

အကြမ်းဖက်အဖွဲများ၏ ရက်စက်သော အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူ များသေဆုံး၊ ဒဏ်ရာရရှိမှုများအပေါ် မလိုလားသည့် ဒေသခံပြည်သူများ၏ တိကျစွာသတင်းပေးပိုမှုနှင့် လုံခြုံရေးတပ်ဖွဲဝင်များ၏ မြေပြင်သတင်း စိစစ် ဖော်ထုတ်ချက်များအရ လွိင်ကော်မြို၏ အရှေ့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ဒေသအခေါ် ဆင်စခန်း၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသော KNDF တပ်ရင်း (၁၀) အခြေပြုနေကြောင်းသိရှိရ၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများရယူကာ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter - Terrorism action) ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးခဲ့ပြီး ၎င်းတို၏လက်နက်၊ ခဲယမ်းများနှင့် အဆောက်အဦများ

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.