ကိုယ်စားလှယ်လောင်းများ၏ Depositive သိန်း ၃၀ ပေးသွင်းရမည်ဆိုသည့်သတင်း မှန်ကန်မှုမရှိ ၊ ဥပဒေ၊ နည်းဥပဒေသစ်များ ပြဋ္ဌာန်းပြီးမှသာ Depositive ပမာဏ သိရှိနိုင်မည်

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ၏ Depositive သိန်း ၃၀ ပေးသွင်းရမည်ဆိုသည့်သတင်း မှန်ကန်မှုမရှိကြောင်း၊ဥပဒေ၊ နည်းဥပဒေသစ်များ အတည်ပြုပြဋ္ဌာန်းထုတ်ပြန်ပြီးပါက ကိုယ်စားလှယ်လောင်းများ ပေးသွင်းရမည့် Depositive ပမာဏကို သိရှိနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ သိရသည်။
ယခင် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီများ၏ ကိုယ် စားလှယ်လောင်းများ Depositကြေး ၃၀၀၀၀ဝိ/- (သုံးသိန်းကျပ်)တိတိ ပေးသွင်းရပါတယ်။ ယခု ၂၀၂၃ ရွေးကောက်ပွဲပါဝင်ယှဉ် ကိုယ်စားလှယ်လောင်းများ၏ Depositive သိန်း ၃၀ ပေးသွင်းရမည်ဟု သတင်းပြန့်နှံ့နေမှုအပေါ် UEC မှ ပြန်လည် ရှင်းလင်း‌ဖြေကြားခြင်း ဖြစ်သည်။
"ကိုယ်စားလှယ်လောင်းများရဲ့ Depositive သိန်း ၃၀ ပေးသွင်းရမယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိပါဘူး။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို အသစ်ပြဋ္ဌာန်းထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေသစ်များ အတည်ပြုပြဋ္ဌာန်းထုတ်ပြန်ပြီးပါကကိုယ်စားလှယ်လောင်းများ ပေးသွင်းရမယ့် Depositive ပမာဏကို သိရှိနိုင်မှာ ဖြစ်ပါတယ်" ဟု UEC တာ၀န်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။
လက်ရှိတွင် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွေ့အကြုံများနှင့် ပြောင်းလဲကျင့်သုံးမည့် အ ချိုးကျကိုယ်စားပြုစနစ် (PR) တို့နှင့်အညီ သက် ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်း ဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.