၂၀၂၃ ၊ ဇန်နဝါရီလ ၂ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြိုနယ်၊ မြကန်သာကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၂) နံနက် ၈ နာရီခွဲခန့်တွင် ခင်းဦးမြိုနယ်၊ မြကန်သာကျေးရွာရှိ စာသင်ကျောင်း အတွင်း၌ အများပြည်သူများ အေးချမ်းစွာနေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲများသည် ၎င်းစာသင်ကျောင်းအတွင်း PDF များ ဖြတ်ရန်စုဆောင်းထားသည့် လက်လုပ်သေနတ် ၆ လက်လက်လုပ် အာပီဂျီ ၃ လက်၊၁၂ ဗိုကျည် ၁၄၃ တောင့် ဆိုင်ကယ်ဘတ္ထရီအိုး(အသေး) ၁၃ လုံး၊လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ ယမ်းမဲ (၂ ပိသာခန့်) ၁ ဗူး၊ရီမုတ် ဆားကစ်ပြား ၂ ခု၊ဝါယာကြိုး ၂ ချောင်း။
ကြေးနန်းကြိုး(ပေ ၃၀ ခန့်) ၁ ချောင်း၊ ဆေးထိုးပိုက်( 20 CC) ၆ ခု၊ ပျောက်ကြား ဦးထုပ် ၈ လုံး၊ ပျောက်ကြား အင်္ကျီ ၁ ထည်၊ကျည်ကာ အင်္ကျီ ၃ ထည်၊ ချိန်ဆော ၁ ခု၊အင်ဗာတာ ၂ လုံး၊ BrbaoFeng တံဆိပ်ပါ စကားပြောစက်(မကောင်း) ၈ လုံး၊BrbaoFeng တံဆိပ်ပါ စကားပြောစက်(အားသွင်းခွက်) ၂ ခု၊ဆိုင်ကယ်ဘောစိ ၅၀ လုံး တိုအား လုံခြုံအဖွဲဝင်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။