စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသစ်သွန်းလောင်းထုတ်ဝေသည့် ရွှေဒင်္ဂါးများကို ဇန်နဝါရီ ၅ ရက်မှစတင်ဝယ်ယူနိုင်မည်

၂၀၂၃ ၊ ဇန်နဝါရီ ၃

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသစ်သွန်းလောင်းထုတ်ဝေမည့် တစ်ကျပ်သားရွှေဒင်္ဂါးနှင့်ငါးမူးသားရွှေဒင်္ဂါးများကို ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးတိုရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် ဇန်နဝါရီ ၅ ရက်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တစ်ကျပ်သားနှင့်ငါးမူးသားရွှေဒင်္ဂါးများ ဝယ်ယူရာတွင် ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို၏ မှန်ကန်ကြောင်းထောက်ခံချက်များပါရှိမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.