၂၀၂၃ ၊ဖေဖော်ဝါရီ ၁
ပြီးခဲ့သည့် ဇန်နဝါရီ၃၁ ရက် နံနက်၉နာရီ ၁၅ မိနစ်အချိန် အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ် ၏တောင်ဘက် ၄ မိုင် ခန့်အကွာ လှေဝန်းကျေးရွာအနီး မကွေး-အောင်လံကားလမ်းဘေးရှိ ဦးသန်းဌေးဦး၏ ခြံဝင်းအတွင်း စိုက်ထူထားသည့် Mytel တာဝါတိုင်အား အကြမ်းဖက်အုပ်စု PDF ခေါင်းဆောင်/အင်အား(စိစစ်ဆဲ) က ဇန် ၃၀၂၂၄၅ ချိန် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်းသတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများက အခင်းဖြစ်အရပ်သို ရောက်ရှိစစ်ဆေးရာ MYTEL တာဝါတိုင်ရှိ System ပုံးအောက်ခြေတွင် PVC ပိုက် အပြာရောင်ဖြင့် ပြုလုပ်ထားပြီး SYH တံဆိပ်ပါ Keypad ဖုန်းဖြင့် ချိတ်ဆက်ထားသော လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲထားကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် Auto Transfer တစ်ခုယိုင်သွားခဲ့ကာ ဘက္ထရီအိုးများ မိုးထားသည့် သွပ် ၂ ချပ် ပျက်စီး(တန်ဖိုး-စိစစ်ဆဲ)ဆုံးရှုးခဲ့၍ အခင်းဖြစ်နေရာအနီးမှ Keypad အပိုင်းအစများနှင့် ဓာတ်ခဲအပိုင်းအစ ၁ ခုတိုအား သိမ်းဆည်းရမိခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေးပြတ်တောက်လျက်ရှိခဲ့ကြောင်း သိရသည်။