တည်ငြိမ်အေးချမ်းပြီးဖြစ်သည့် နာဂဒေသ ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းအောင် ဒေသတွင်းရှိ တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ပြော

၂၀၂‌၃ ၊ ဇန်နဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ယမန်နေ့  (ဇန်နဝါရီ ၁၅ )ကလဟယ်မြို ၌ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသိုတက်ရောက်ချီးမြှင့်ခဲ့သည်။

တည်ငြိမ်အေးချမ်းပြီးဖြစ်သည့် နာဂဒေသကို ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းအောင် နာဂဒေသတွင်ရှိသည့် တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဇန်နဝါရီ ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနား တက်ရောက်ချီးမြှင့်စဉ် နိုင်ငံတော်ဝန်ကြီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင် ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ၏ အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်း သားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင် စုကြီးတစ်ခုလုံး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆိုပါက နိုင်ငံတော် တစ်ဝှမ်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ်၌ ပြည်သူများ အနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ အစိုးရအဖွဲ့နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် တောင်ပေါ်ဒေသတစ်ခုဖြစ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင်လည်းမိမိတို့ ပြည်ထောင်စုအစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး အ စိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့တို့နှင့်အတူ တိုင်းရင်းသားပြည် သူလူထုများက တက်ညီလက်ညီ ဝိုင်းဝန်းဆောင် ရွက်ကြရမည် ဖြစ်ပြီး ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း တစ်ဦးချင်းစီ တာဝန်ယူတတ်သည့် စိတ်ဓါတ်များ မွေးမြူပြီး စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ၌လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် လာရောက် တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း စေတနာ၊ မေတ္တာအပြည့်ဖြင့် တိုင်းရင်းသား ညီအစ် ကိုမောင်နှမများ လူမှု၊ စီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ပေးကြရမည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43197

© 2022 - 2025 News. All Rights Reserved.