၂၀၂၃၊ဖေဖော်ဝါရီ ၅
တာချီလိတ်မြို၊ ဝမ်ကောင်း ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်တိုတွင် PDF အကြမ်းဖက် သောင်းကျန်းသူများရောက်ရှိနေကြောင်း သတင်းအရဖေဖော်ဝါရီလ ၃ ရက် ည၇ နာရီခန့်တွင် ပူးပေါင်းလုံခြုံရေးအဖွဲများမှ ရန်အောင်မြေရပ်ကွက်၊ပါလျှံ(၁)ရပ်၊ အိမ်အမှတ်(၁/၆၆၄)နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ လှမင်းထက်အားတွေ့ရှိပြီး ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သဖြင့် ဝိုင်းဝန်း ပိတ်ဆိုဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ဒီတိုနေတာစနက်တံ ၁၈ ခု၊ ရီမု ၁ ခု၊ ဆော့ကက် ၄ ခု၊ ယမ်းစိမ်း ၁ တောင့်၊ ယမ်းစိမ်းအပိုင်းအစ ၃ ခု၊ ထင်းရှူးဆီ ၁ ဘူး၊ မီးတိပ်အမဲ ၁ ခွေ၊ အရှည် ၃ လက်မခန့်ရှိ ပိုက် ၄ ခု၊ အရှည် ၅ လက်မခန့်ရှိ ပိုက်ဖြတ် ၄ ခု၊ အသွား ၈ လက်မခန့် ဓားဦးချွန် ၁ ချောင်း၊ ၈ လက်မခန့်ရှိ ယမ်းတောင့် ၁ တောင့်၊ ကျောပိုးအိတ် ၁ လုံးတိုအား သိမ်းဆည်းရရှိခဲ့သည်။
ဖမ်းဆီးရမိတရားခံအား စစ်ဆေးချက်အရ ကရင်ပြည်နယ်၊ ကျုံဒိုးမြို၊ သရက်တောရွာအနီးစခန်းတွင် Free Burmer Ranger သင်တန်းတက်ရောက်ပြီး ဖောက်ခွဲရေးနည်းပညာများ ပြန်လည်သင်ကြားပေးနေသည့် တာလေမြိုနေ မြတ်မင်းဦးနှင့်ဆက်သွယ်ပြီး ဖောက်ခွဲရေးသင်တန်းများတက်ရောက် ရန် စည်းရုံးပြောဆိုခဲ့သဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်တွင် သိန်းထိုက်စံ (ခ)ထိုက်စံနှင့်အတူ တာချီလိတ်မြိုမှထွက်ခွာခဲ့ရာ သိန်းထိုက်စံ(ခ)ထိုက်စံမှာ မလှိင်မြို တွင်ကျန်ရစ်ခဲ့၍ ၎င်းတစ်ဦးတည်းထွက်ခွာခဲ့ရာ ကျုံဒိုးမြို၊ သရက်တောရွာ၌ မြတ်မင်းဦးမှ လာရောက်ကြိုဆိုခဲ့ပြီး ၎င်းတိုစခန်း၌ ၅ ရက်နေထိုင်ကာ ဖောက်ခွဲရေးနည်းပညာနှင့် စစ်ပညာသင်တန်းအား ၃ ရက်ခန့်သင်ကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါဖမ်းဆီးရမိသည့် ဖောက်ခွဲရေးပစ္စည်းများမှ မြတ်မင်းဦးမှစီစဉ်ပေးလိုက်သည့် ဖောက်ခွဲရေးပစ္စည်းများ ဖြစ်ပြီး ၎င်းအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် Eastem Red Lion အဖွဲ၏ ဖောက်ခွဲရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ်လိုက်သော်လည်း လုံလောက်သောအင်အားမရှိသေး သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြားမြိုနယ်များသို ဖြန့်ခွဲတာဝန်ချထားနိုင်မှု မရှိသေးကြောင်း၊ တာချီလိတ်မြိုတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နောက်ပိုင်း ၃ ကြိမ်ဖောက်ခွဲရန်နှင့် ၁ ကြိမ်ဖောက်ခွဲလျှင် ငွေကျပ် ၃၀၀,၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ဖောက်ခွဲရမည့်နေရာများမှာ ဝမ်ကောင်းရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးနှင့် ခရိုင်တရားရုံးတိုဖြစ်ပြီး ကျန်နေရာမှာ လုံခြုံရေးအားနည်းပြီး ဖောက်ခွဲရန်လွယ်ကူသည့် ဌာနဆိုင်ရာ ရုံးတစ်ရုံးအား ဖောက်ခွဲဖျက်ဆီးရန်ဖြစ်ကြောင်း၊ ကွင်းဆက်တရားခံအား ဖောက်ခွဲရာတွင် အသုံးပြုမည့် စပန်နာအစများနှင့် ကော်ပိုက်များအား ဖြတ်တောက်ထားရန် ခိုင်းစေထား ခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိတရားခံ လှမင်းထက်အား စစ်ဆေးချက်အရ ၎င်း၏ဖခင်ဖြစ်သူ ဦးအောင်ခိုင်သန်း၊ ဇနီး နန်းမွမ်းလောင်းတိုအား ၎င်းတို၏နေအိမ်၌ လည်းကောင်း၊ သိန်းထိုက်စံ(ခ)ထိုက်စံအား ပါလျှံ(၁)၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ် မြိုနေအိမ်၌လည်းကောင်း၊ပြည့်လျှံအား အမှတ်(၁၁၁)၊ ပါလျှံ(၁)၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြိုနေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေအရအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။