နစကမှ မြို့နယ်ပေါင်း ၃၇မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

နေပြည်တော် ၊ဖေဖော်ဝါရီ ၃
အသစ်ပြည်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ခုတို့မှ မြို့နယ်ပေါင်း ၃၇မြို့နယ်ကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း အမိန့်အမှတ် ၊၁ / ၂၀၂၃၊ ၂/ ၂၀၂၃၊၃ / ၂၀၂၃၊၄/ ၂၀၂၃၊ ၅ / ၂၀၂၃၊ ၆ / ၂၀၂၃ တို့ဖြင့် ‌ယမန်နေ့ (ဖေဖော်ဝါရီ ၂) ကထုတ်ပြန် ကြေညာခဲ့သည်။
နစကမှ ကြေညာလိုက်သည့် ၃၇ မြို့နယ်မှာပဲခူး တိုင်း၊ တနင်္သာ ရီတိုင်း၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ကယားပြည်နယ်တို့မှ မြို့နယ်များပါ၀င်သည်။


Total Views ~ 179

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.