အသစ်ပြည်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ် ၅ ရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၃) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါ နစက၏ ရှေ့လုပ်ငန်းစဥ် ၅ ရပ်မှာ - " ၁။ပြည်သူတို့၏လူမှုစီးပွားဘဝလုံ ခြုံရေးအတွက်ပြည်ထောင်စုတစ် ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး အ ပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်။
၂။ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်။
၃။စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကိုဆက်လက်ဆောင်ရွက်သွားမည်။
၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)ပါသဘော တူညီချက်များအတိုင်း ဖြစ်နိုင်သ မျှအလေးထားလုပ်ဆောင်သွားမည်။
၅။အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတ ရားမျှတသော ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအား ပြန် လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်" ဟူ၍ ဖြစ်သည်။
ယခင် နစက၏၂နှစ်တာကာလသက်တမ်း ရှေ့လုပ်ငန်းစဥ် ၅ ရပ်အနက် အမှတ်စဉ် (၁)တွင်ပြည် ထောင်စုရွေးကောက်ပွဲကော် မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါ အဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက် လက်လုပ်ဆောင်သွားမည် ဟူ ၍ လည်းကောင်း၊ အမှတ်စဉ်(၂)တွင် လတ်တ လော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကာ ကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်ဟူ၍လည်းကောင်း ၊ အမှတ်စဉ် (၃)တွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီး ပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်း လမ်း များဖြင့် အမြန်ဆုံးကုစားသွားမည်ဟူ၍လည်း ကောင်း အသီးသီးဖော်ပြထားပြီး ယခု ထုတ်ပြန်ချက်သည့် နစက၏ ရှေ့လုပ်ငန်းစဥ် ၅ ရပ်တွင် အဆိုပါ လုပ် ငန်းစဉ် ၃ရပ် မပါ၀င်တော့ပေ။