၂၀၂၃ ၊ မတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နမ့်နိမ်ကျေးရွာတွင် မတ် ၁၁ ရက်ကဖြစ် ပွားခဲ့သည့် ဘုန်းတော်ကြီး ၃ ပါးနှင့်ပြည်သူများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်သည်ကရင်နီ KNPP/KNDF အဖွဲများက ကျူးလွန်ခြင်းဖြစ် ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
" မတ်လ ၁၁ ရက်နေ့ မတိုင်ခင်က နှစ်ရက်သုံးရက်လောက်ကတည်းက KNPP/KNDF အဖွဲတွေက ရွာထဲ၀င်လာတာ။အဲလို ၀ငျလာပွီး ရွာသားတွေ အား လုံးကို မောင်းထုတ်ခဲ့ပြီးတော့ ဘုန်းကြီးကျောင်းမှာ စခန်းချနေခဲ့တာ။အဲလို စခန်းချပြီးတော့ သတ်ပစ်တာ၊ ဒီဖြစ်စဉ်ကို ကျူးလွန်ခဲ့တာ။ ဒီဖြစ်စဉ်က စွပ်စွဲ ပြောဆိုရေးသားနေကြသလို တပ်မတော်က ကျူး လွန်တာ မဟုတ်ဘူး။KNPP/KNDF အဖွဲက လုပ်တာ။ အဲလို သတ်ဖြတ်နေတော့ နမ့်နိမ်ကျေးရွာ သားတွေ အပြင် တစ်ခြား အနီး၀န်းကျင်က ရွာတွေက ရွာသူရွာသားတွေပါ ထွက်ပြေးနေကြရတယ်။အခုဆိုရင် ရွာထဲ၀င်လိုမရ ရွားနားကပ်လိုမရဖြစ်နေတာ။ ဒါမျိုး မဖြစ်သင့်ပါဘူး။ အမှုအမှန်ပေါ်ပေါက်စေချက်ပါတယ်" ဟု နမ့်နိမ်ကျေးရွာသားတစ်ဦးက ပြောပြသည်။
အဆိုပါ အစုအပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်သည် ကရင်နီ KNPP/KA နှင့် KNDF အဖွဲမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
"ပအိုဝ်းဒေသသည် အစဉ်အဆက် ငြိမ်းချမ်းလာတဲ့ဒေသဖြစ်တဲ့အတွက် တောင်ပိုင်းမှာ ရှိတဲ့ KNPP၊ KNDF အဖွဲတွေအနေနဲ့ ပအိုဝ့်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးဖို ပြီးရင် အစိုးရနဲ့ တပ်မ တော် ပအိုဝ်းပြည်သူလူထုကြားမှာ ထင်ယောင် ထင်မှား ဖြစ်စေဖို အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျုးလွန်ခဲ့သူတွေဟာ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲဖြစ်တယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ပအိုဝ်းဒေသရှိ တည်ငြိမ်အေးချမ်းပြီးဖြိုးတိုးတက်မှုလျက်ရှိနေသည့် ဒေသဖြစ်ပြီးတပ်မတော်အ နေဖြင့်လည်း ပအိုဝ်ဒေသရှိ နယ်မြေခံ ပြည်သူ့စစ်မျာ၊ PNO အဖွဲ အစည်း၊နယ်မြေခံ အဖွဲအစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း သိရသည်။
ထိုသို တည်ငြိမ်အေးချမ်း ဖွံဖြိုးတိုးတက်မှု ရှိနေသည့် ပအို၀်းဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပအို၀်းပြည်သူလူထု၏ အသက်အိုးအိမ်စည်းဇိမ်ကို ထိခိုက်အောင် နှောက်ယှက်ဖျက် ဆီးခဲ့သည့် KNPP/KNDF အဖွဲများကို လိုအပ်သည့် အရေးယူဆောင် ရွက်မှုများကို ပြင်းပြင်းထန်ထန်ဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ၏ အဖွဲခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့သည်။