ဧရာ၀တီ၊ ဒီဇင်ဘာ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ယနေ့(ဒီဇင်ဘာလ ၂၇) မွန်းလွဲပိုင်းက ပုသိမ် - ချောင်းသာကားလမ်းပေါ် တွင် ကားနှင့် ဆိုင်ကယ်တိုက်ခဲ့မှုကြောင့် အ မျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပုသိမ် - ချောင်းသာ ကားလမ်းအ တိုင်း မောင်းနှင်လာသည့်ကားနှင့် ဆိုင်ကယ်တို့မှာ ကြောင်ပန်းကုန်းကျေးရွာအနီးတွင် မျက်နှာချင်း ဆိုင် တိုက်မိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းလာသူ အမျိုးသားတစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသားကို ဘက်စုံလူမှုကူညီရေးအဖွဲ့ (ပုသိမ်)ကားနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ ဆောင်ပေးခဲ့ရကြောင်း သိရသည်။