ဖလမ်းမြိုနယ်၌ အကြမ်းဖက်အဖွဲ(စိစစ်ဆဲ)မှ ပညာရေးဝန်ထမ်းများ၏ လစာငွေများအား ခြိမ်းခြောက် လုယူသွား

၂၀၂၃ ၊ ဖေဖော်ဝါရီ ၁ 

ပြီးခဲ့သည့်  ဇန်နဝါရီ ၃၁ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်က  ဖလမ်းခရိုင် ဖလမ်းမြိုနယ်၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ ကျင်မွှာရပ်ကွက်ရှိ မြိုနယ်ပညာရေးမှူးရုံး၌ အမည်မသိအကြမ်းဖက်အဖွဲ အမျိုးသား ၄ ဦးမှ သေနတ်ပြခြိမ်းခြောက်ပြီး လစာငွေများယူဆောင်သွားကြောင်း မြိုနယ်ပညာရေးမှူးမှ သက်ဆိုင်ရာတာ၀န်ရှိသူများထံ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ယင်းသို ဖုန်းဆက်အကြောင်းကြားချက်အရ ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် သက်ဆိုင်ရာပူးပေါင်းအဖွဲမှ သွားရောက်စစ်ဆေးရာ မြိုနယ်ပညာရေးမှူး ဦးဟုန်ဇထန်း ဦးဆောင်ပြီး ဖလမ်းမြိုနယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများမှ ဆရာ/ဆရာမ ၃၉ ဦးဖြင့် အစည်းအဝေးပြုလုပ်နေစဉ် ယင်းနေ့ နံနက် ၁၁နာရီ ၂၅ မိနစ်တွင် အစည်းအဝေးခန်းမသို အမည်မသိ အကြမ်းဖက်အဖွဲမှ အရပ်ဝတ် ဝတ်ဆင်ထားသည့် အမျိုးသား ၄ ဦး ရောက်ရှိလာပြီး “မြိုနယ်ပညာရေးမှူးဘယ်သူလဲ”ဟုမေးမြန်းပြီး ပညာရေးမှူး၏ရုံးခန်းသို ခေါ်ဆောင် သွားကြောင်း၊ ရုံးခန်းထဲ၌ အသက်အသေခံမလား ပညာရေးဝန်ထမ်းလစာတွေပေးမလားဟု ပြောဆို သဖြင့် အစည်းအဝေးခန်းမနှင့်ကပ်လျက်ရှိသည့် လစာပေးသည့်အခန်းထဲသိုခေါ်ဆောင်သွားရာ လစာ ပေးခန်းထဲတွင် စာရေးအဆင့် ၂ ဦးလိုင်ကျဲအို ပါ ၃ ဦးမှ လစာငွေများအားစားပွဲပေါ်တင်၍ လစာ ပေးရန်စီစဉ်နေစဉ် စားပွဲပေါ်ရှိလစာငွေများအား အကြမ်းဖက်သမားများမှယူဆောင်၍ ၎င်းတိုစီးနင်း လာသောဆိုင်ကယ်ဖြင့် း ကလေးမြိုဘက်သိုထွက်ခွာသွားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပညာရေးဝန်ထမ်းများအတွက် လစာငွေစုစုပေါင်း ၁၇၅,၅၄၈,၇၀၇ ကျပ်အား ထုတ်ယူခဲ့ပြီး အကြမ်းဖက်အဖွဲမှသေနတ်ပြခြိမ်းခြောက်ပြီး ယူဆောင်သွားသည့်လစာငွေမှာ ၈၅,၀၂၁,၉၀၈ ကျပ်ဖြစ်ကြောင်း၊ ခွဲသိမ်းထားသည့် လစာငွေ ၉၀,၅၂၆,၇၉၉ ကျပ်ကျန်ရှိကြောင်း သိရပြီး ယင်းဖြစ်စဉ်အပေါ် မြိုနယ်ပညာရေးမှူး က တိုင်တန်းသဖြင့် မမစ(ဖလမ်း)(ပ)၄/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43322

© 2022 - 2025 News. All Rights Reserved.