မတ္တရာမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF မှ သေနတ်ဖြင့် ပစ်သတ်၍ အမျိုးသား ၁ ဦး သေဆုံး

၂၀၂၃ ၊ဖေဖော်ဝါရီ ၁ 

ပြီးခဲ့သည့် ဇန်နဝါရီ၃၁ ရက် ညနေ ၄နာရီ ၅ မိနစ်အချိန်တွင် အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် မမစ(မတ္တရာ)၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ တုန်ကုန်းကျေးရွာ အ.ထ.က အနီးတွင် ပစ်ခတ်မှုဖြစ်ပွားကြောင်းသတင်းအရ  သက်ဆိုင်ရာပူးပေါင်းအဖွဲကသွားရောက်စစ်ဆေးရာ ဦးအောင်ကို(ခ)အောင်ပို(၄၁)နှစ်ရွာသစ်ကျေးရွာ မတ္တ ရာမြိုနယ်နေသူအား အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)မှ လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ကို (ခ)အောင်ပို တွင် အောက်နှုတ်ခမ်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာချိုင်းအောက်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာပေါင်ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၅ ချက်)ဖြင့် သေဆုံးသွားခဲ့ကြောင်းစစ်ဆေးသိရှိရသည်။

ထိုကြောင့် အလောင်းအား မတ္တရာမြိုနယ်ပြည်သူ့ ဆေးရုံသိုပိုဆောင်ထားရှိပြီး သက်ဆိုင်ရာမှ တရားခံဖမ်းဆီးရမိရေးစုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 188

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43320

© 2022 - 2025 News. All Rights Reserved.