ရေဖြူမြို့နယ်တွင် အကြမ်းဖက် PDFများက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သံဃာ ၁ ပါးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို ဒဏ်ရာရရှိ

၂၀၂၃ ၊ ဖေဖော်ဝါရီ ၇ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက် ည နေ ၃နာရီခွဲအချိန်က ရေဖြူမြို့နယ်၊ ရေဖြူ၏ မြောက်ဘက် ၂၇ မိုင်ခန့်၊ ကလိန်အောင်၏ တောင်ဘက် ၁၄ မိုင်ခန့်အကွာ နှမ်းကျဲကျေးရွာ မိုင် တိုင်အမှတ်(၃၀/၆)နှင့် (၃၁)မိုင်ကြားတွင် အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)မှ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး/ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။

အဆိုပါ သတင်းရရှိခဲ့သည့်အတွက် သက်ဆိုင်ရာတာ၀န်ရှိသူများက စုံ စမ်းခဲ့ရာ ဥူးဥက္ကဋ္ဌ(၅၉)နှစ်(ဝါတော် ၂၅ ဝါ) ကျောင်းထိုင် ဆရာ တော် သာသနာ့ရက္ခိတဘုန်းကြီး ကျောင်း ရာဖူးရွာသစ်ကျေးရွာ ရေဖြူမြိုနယ်နေသူတွင် နှာခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊လည် ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာညှပ်ရိုးကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာချိုင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၅ ချက်၊ စုစုပေါင်းဒဏ်ရာ ၁၃ ချက်၊ ဒေါ်အုန်းမြ(၆၅)နှစ်(သာ ယာမွန်ကျေးရွာ ရေဖြူမြိုနယ်နေသူ)တွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တိုဖြင့် သေဆုံးခဲ့ပြီး မနန်းနန်းမိုး (၂၃)နှစ် (မောင် မယ်ရှောင်ကျေးရွာ ထားဝယ်မြိုနယ်နေသူ)တွင် ယာပေါင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲခြေသ လုံးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စုစု ပေါင်း ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ တစ်ရွာတည်းနေ မသင်းရနံ့လှိင် (၁၂)နှစ်တွင် ဝဲ/ယာခြေကျင်းဝတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ၊ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ မောင်စိုးသူရအောင် (၁၈)နှစ်တွင် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ယာဉ်မောင်း ဦးသန်းထွေး(စိစစ်ဆဲ)တွင် ယာပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံပေါက် ပြဲဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)၊ ဖုန်းပြည့်အောင်(၁၁)နှစ်(သာယာမွန် ကျေးရွာ ရေဖြူမြိုနယ်နေသူ)တွင် နောက်ကျောမှန်စထိမှန်ဒဏ်ရာ ၁ ချက်၊ တင်ပါးမှန်စထိမှန် ဒဏ်ရာ ၂ ချက်၊ ဝဲလက်မောင်းမှန်စထိမှန်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)၊ လင်းထက်ဟိန်း(၁၀)နှစ် ( ရာဖူးကျေးရွာ ရေဖြူမြိုနယ်နေသူ)တွင် ဝဲလက် မောင်းမှန်စထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို အသီးသီးရရှိထားသည်ကိုတွေ့ရှိရပြီး သေဆုံး/ ဒဏ်ရာရရှိသူများအား ထားဝယ်မြိုပြည်သူ့ဆေးရုံသိုပိုဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံး/ဒဏ်ရာ ရရှိအောင်ပြုလုပ်ခဲ့သူ အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)အား နမစ(ကလိန်အောင်) (ပ)၄/၂၀၂၃ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ ဒေပုဒ်မ ၅၄ ဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ထိုအပြင် (၁-၂-၂၀၂၁ မှ ယနေ့ထိ သံဃာတော် ၆၃ ပါး ၊ သီလရှင် ၂ ပါး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43325

© 2022 - 2025 News. All Rights Reserved.