ရွှေပြည်သာမြိုနယ်၌ အကြမ်းဖက်လုပ်ငန်းလုပ်ကိုင်သူများအားထောက်ပံ့သည့် မြိုနယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်း ၁ ဦးအား ဖမ်းဆီးစစ်ဆေး

၂၀၂၃ ၊ ဖေဖော်ဝါရီ ၇

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီအချိန်က မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အင်ဂျင်နီယာနှင့် အဆောက်အဦးမှ ဒုကြီးကြပ်ရေးမှူး ဦးမိုးဇော်ထွန်း သည် လူမှုကွန်ရက် စာမျက်နှာအားအသုံးပြု၍ အကြမ်းဖက်လုပ်ငန်းလုပ်ကိုင်သူများအားထောက်ပံ့နေကြောင်း သတင်း အရ သက်ဆိုင်ရာ တာ၀န်ရှိသူများက သွားရောက် စိစစ်ခဲ့ရာ ဦးမိုးဇော်ထွန်း(၅၄)နှစ် (ဒုကြီးကြပ်ရေးမှူး အဆောက်အဦဌာန ရွှေပြည်သာမြိုနယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး )တပ်ကြီးကုန်းကျေးရွာ မှော်ဘီမြိုနယ်နေသူအား အဆိုပါရုံး၌တွေ့ရှိရသဖြင့်စစ်ဆေးခဲ့ရာ ၎င်းအသုံးပြုသည့်လက်ကိုင်ဖုန်း ၂ လုံးအတွင်း ၂၀၂၃ ဖေ ၁ ရက်နေ့တွင် Moelay Myanmar အကောင့်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Slient Strike ပြုလုပ်ရန်လှုဆော်မှုများနှင့် အကြမ်းဖက်အုပ်စု PDF များအား ငွေကြေးများထောက်ပံ့ ထားကြောင်းစစ်ဆေးတွေ့ရသဖြင့် ဖမ်းဆီးကာ သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.