၂၀၂၃၊ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုမြို ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၁ရက် ည၁၀ နာရီခန့်တွင်မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေး အဖွဲက ဆေးရုံသိုရောက်ရှိစစ်ဆေးရာ မကြူကြူမိုး၊ညောင်ပင်သာကျေးရွာ ရွှေဘိုမြိုနယ်နေသူတွင် ယာမျက်ခမ်း/ ယာလက်မောင်း/ယာလက်ကောက်ဝတ်/ ယာခြေသလုံးတိုတွင် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်စီ၊ ယာမျက်ခမ်းဖူးရောင်ဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ ၅ ချက်(စိုးရိမ်ရ) ရရှိထားကြောင်း တွေ့ရှိခဲ့ရသည်။.
ဖြစ်စဥ်အား စိစစ်ရာ ဇန်နဝါရီ ၁ရက် နံနက် ၇နာရီခွဲတွင် ဒဏ်ရာရရှိသူသည် ညောင်ပင်သာကျေးရွာ၏ တောင်ဘက် ၃ ဖာလုံခန့်အကွာရှိ လယ်တောသိုသွားရောက်စဉ် ကျေးရွာ၏အရှေ့တောင်ဘက်ရှိ မူးဘောင်လမ်းသိုအရောက်၌ အကြမ်းဖက်အုပ်စု PDF က ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအရအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။