၂၀၂၃မတ် ၄
နေပြည်တော်တပ်ကုန်းမြိုအနီး အချုပ်ကားပေါ်မှ ထွက်ပြေးသွားသော တရာခံ ၂ ဦးကို လုံခြုံရေးတပ်ဖွဲဝင်များက မတ် ၃ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။
နေပြည်တော်၊ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းရပ်၊နှင်းဆီ ၄ လမ်း တွင်ငြိမ်းချမ်းအောင်(ခ) ချမ်းငြိမ်းကို ပစ်ခတ်ဖမ်းဆီးရမိသည်။ ချမ်းငြိမ်းသည် လုံခြုံရေးတပ်ဖွဲဝင်များကို ဓားဖြင့်ပြန်လည်ခုခံ တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲဝင် ၁ ဦးဒဏ်ရာ ရ ရှိခဲ့သည်။

ဆက်လက်ရှင်းလင်းရာ အထက်ပါအိမ်အတွင်း လှေခါးထိပ်တွင် ထွက်ပြေး တရာခံပြေး အောင်ကိုဦး(ခ) ကိုဦး ကိုထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ဒဏ်ရာရ တရာခံပြေး ချမ်းငြိမ်းကို ကုတင် ၁၀၀၀ဆေးရုံသို ပိုဆောင်ဆေးကုသမှု ပေးနေကြောင်း သိရှိရသည်။