၂၀၂၃ ၊ ဇန်နဝါရီ ၃၁
အင်းမမြို့နယ်၊ ထန်းပင်ကုန်းကျေး ရွာနှင့် အုတ်ဖိုမြို့သို ဆက်သွယ်ထားသည့် ကာလမ်း နေရာတွင် PDF အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်မွန်း လွဲ ၃နာရီ ၁၀မိနစ် ခန့်တွင် အင်းမတပ်နယ်အတွင်း အကြမ်းဖက် သောင်းကျန်းသူများမှ လက်နက်/ခဲယမ်းများဖြင့် ဖြတ်သန်းသွားလာမှုမရှိစေရေးအတွက် ပူးပေါင်းလုံခြုံ ရေးအဖွဲများမှ ထန်းပင်ကုန်းကျေး ရွာနှင့် အုတ်ဖိုမြို့သို ဆက်သွယ်ထား သည့် ကားလမ်းနေရာတွင် ယာဉ်သွားလာမှုများအား စစ်ဆေးခြင်းများဆောင်ရွက်စဉ် ထန်းပင်ကုန်းကျေးရွာမှ အုတ်ဖိုမြိုဘက်သို အမျိုးသား ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ် အားစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်မှုမရှိဘဲ နောက်ပြန်လှည့်၍ မောင်းနှင်ထွက်ပြေး သွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
ထိုသို ပစ်ခတ်ဖမ်းဆီးခဲ့ရမိခဲ့သည့် အသက် ၃၅ နှစ်ခန့် အမျိုးသား ၁ ဦးသည် လက်နက်ငယ် ကျည် ဦးခေါင်းနောက်စေ့ဖောက်ဝင်၊ နဖူးမှ ဖောက်ထွက်ဒဏ်ရာဖြင့်လည်း ကောင်း၊ အသက် ၂၅ နှစ်ခန့် အမျိုးအသား ၁ ဦးသည် လက်နက်ငယ်ကျည် ကျောကုန်းမှ ဖောက်ဝင်၊ ဘယ်ရင်အုံမှဖောက်ထွက်ဒဏ်ရာဖြင့်လည်းကောင်း သေဆုံးခဲ့ပြီး ၎င်းတိုနှင့် အတူ SiG SAUER(အမေရိကန်နိုင်ငံထုတ်) ပစ္စတိုသေနတ် ၁ လက်၊ USA 9 mm LUGER ကျည် ၈ တောင့်၊ ကျည်အိမ် ၁ ခု၊ လက်ပစ် ဗုံး(အမျိုးအစားစိစစ်ဆဲ) ၁ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။