အောင်လံမြို့နယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးဒဏ်ရာရရှိ

၂၀၂၃ ၊ဖေ‌ဖော်ဝါရီ ၃

ယမန် နေ့(ဖေ‌ဖော်ဝါရီ၂)ညနေ ၅ နာရီ မိနစ် ၂၀ အချိန်တွင်  အောင်လံခရိုင် အောင်လံမြို့နယ်အနောက် မြောက်ဘက် ၂၅ မိုင်ခန့်အကွာ သရက်ချောင်းကျေးရွာနေ  ကျော်ရဲအောင်(ခ)ချင်းလေး(၃၀)နှစ် နှင့် ဇော်မျိုးအောင်(၃၂)နှစ် တို ညီအစ်ကို ၂ ဦးအား ဥယျာဉ်ကျေးရွာနှင့် သရက်ချောင်းကျေးရွာကြားချောင်းအတွင်းရှိနေစဉ် အကြမ်းဖက်အုပ်စု PDF အင်အား(စိစစ်ဆဲ)များရောက်ရှိလာပြီး သေနတ်(စိစစ်ဆဲ)ဖြင့်ပစ်ခတ်ပြီး ဓားဖြင့်ထိုးခဲ့သောကြောင်း ကျော်ရဲအောင်(ခ)ချင်းလေး နှင့် ဇော်မျိုးအောင်တို ၂ ဦးမှာ ဒဏ်ရာ(စိစစ်ဆဲ) များရရှိခဲ့၍ ရွှေပန်းတောတိုက်နယ်ဆေးရုံသိုပိုဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်း ရရှိသဖြင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲကအရပ်ဖက် မော်တော်ယာဉ်ဖြင့် သွားရောက် ကြိုရန်ထွက်ခွာခဲ့ရာ ဘိုကုန်းကျေးရွာအရောက်၌ လူနာတင်ယာဉ်အားတွေ့ဆုံ၍ စစ်ဆေးရာ ကျော်ရဲအောင်(ခ)ချင်းလေး တွင် လည်ပင်းရှေ့မှနောက်သိုကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၃ ချက်(စိုးရိမ်ရ)နှင့် ဇော်မျိုးအောင် တွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာပေါင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)တိုအသီးသီးရရှိခဲ့ကြသည်ကို တွေ့ရှိရကြောင်း သိရသည်။

 ၎င်းတိုအားလုံခြုံရေးဆောင်ရွက်ပေး၍ ရွှေပန်းတောတိုက်နယ်ဆေးရုံသို ပိုဆောင်က  ဆေးကုသခံယူနေစဉ် ကျော်ရဲအောင်(ခ)ချင်းလေး မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဇော်မျိုးအောင် မှာ ရွှေပန်းတောတိုက်နယ်ဆေးရုံတွင်ဆေးကုသလျက်ရှိကြောင်း သိရသည်။

Total Views ~ 205

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43334

© 2022 - 2025 News. All Rights Reserved.