မြန်မာနိုင်ငံတွင် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းစတင်

ရန်ကုန်၊ အောက်တိုဘာ ၁၆
    မြန်မာနိုင်ငံတွင် မဲခေါင်-လန် ချန်းနိုင်ငံများအကြား ကျေးရွာအဆင့်ဆင်း ရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စု ကျေးရွာတွင် စတင်ခဲ့ကြောင်း သိရသည်။
    မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာတွင် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
    အစိုးရအနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေးထား စီမံဆောင်ရွက် လျက်ရှိပြီး  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် အုန်းပင်စုကျေးရွာ စီမံကိန်း လုပ်ငန်းအပါအဝင် စီမံကိန်းလုပ်ငန်း ၁၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယင်းအခမ်းအနားတွင် ပြောကြားခဲ့ သည်။
    ထို့အပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်း၊ ဘက်စုံကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးရေးလုပ်ငန်းစီမံကိန်းများ၏ အတွေ့အကြုံများ၊ အကျိုးရလဒ်များကိုအခြေခံပြီး ယခုစီမံကိန်းကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့သည်။
    ယင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ပထမအတွင်းဝန်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီ အစဉ်များ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့်အတူ ဆင်းရဲမှုလျှော့ချရေးကဏ္ဍများတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ကိစ္စရပ်များကိုလည်းကောင်း၊ တာဝန်ရှိသူများက မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိ န်း အကျဉ်းချုပ်နှင့် စီမံကိန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ပထမအတွင်းဝန်တို့က မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူ ထောင်ခြင်းစီမံကိန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး စီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်မည့်မြေနေရာ၊ Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ ကျေးရွာကုန်ထုတ် လမ်းဆောင်ရွက်မည့်နေရာတို့ကို လှည့်လည်ကြည့်ရှုခဲ့ ကြသည်။ နဒီ

Total Views ~ 147

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43435

© 2022 - 2025 News. All Rights Reserved.