မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်လည်း MSME စီးပွားရေး  လုပ်ငန်းရှင်များ  ချေးငွေများ လျှောက်ထားနိုင်ပြီ 

ရန်ကုန်၊ အောက်တိုဘာ ၁၆
    မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်လည်း MSME လုပ်ငန်းရှင်များ ချေးငွေများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့က အသိပေးကြေညာထားသည်။
    အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန်အတွက်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အပြင် ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ ရွှေ(ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ် လီမိတက်၊ ပထမပုဂ္ဂလိက ဘဏ်လီမိတက်၊ ကမ္ဘောဇ ဘဏ်လီမိတက်၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန် မာ့အရှေ့တိုင်းဘဏ်လီ မိတက်၊ မြန်မာ့ခရီး သွားဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်၊ သမဝါယမဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာမက်ထရိုဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီ မိတက်၊ သတ္တုဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာ၀တီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် လီမိတက်တို့တွင် ချေးငွေများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၀(ဂ)တွင် သတ်မှတ် ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါ ရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ သက်သာသော အတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် ချေးငွေများ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
    ထို့ကြောင့် MSME စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ချေးငွေလျှောက် ထားရာတွင် ပြည်ထောင်စုနယ်မြေ/တိုင်း ဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံး ခွဲများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲ မှုအဖွဲ့မှ အသိပေးကြေညာခဲ့သည်။ နဒီ

Total Views ~ 155

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43544

© 2022 - 2025 News. All Rights Reserved.