ရန်ကုန်၊ အောက်တိုဘာ ၉
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးနောက် ပြည်ထောင်စုအစီရင်ခံစာ (မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ)အား ရေးသားပြုစုခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် ပြည်ထောင်စုအစီရင်ခံစာများ ရေးသားပြုစုရန်အတွက် အတွေ့အကြုံရှိသည့် ပြည်တွင်းအကြံပေး တစ်ဦးကို တာဝန်ပေးရန် ပြည်သူ့အင်အားဦးစီးဌာနမှ အဆိုပြုလွှာခေါ်ယူထားပြီး အဆိုပါအစီရင်ခံစာများရေးသားပြုစုမည့် ပြည်တွင်းအကြံပေးတစ်ဦးကို တင်ဒါလုပ်ထုံးလုပ်လနည်းများနှင့်အညီ စိစစ်အကဲဖြတ် ရွေးချယ်၍ တာဝန်ပေးအပ်မည်ဖြစ်၍ စိတ်ဝင်စားသူများ အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
ထို့အပြင် ပြည်တွင်းအကြံပေး၏ လုပ်ငန်းလမ်းညွှန်ကို အောက်တိုဘာ ၉ ရက် မှ ၂၅ ရက်အတွင်း နေပြည်တော်ရှိ ပြည်သူ့အင်အားဦးစီးဌာန၊ ရုံးအမှတ်(၄၈)တွင်ရယူ နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။ အဆိုပြုလွှာများကို လူကိုယ်တိုင်(သို့မဟုတ်) ဝန်ကြီးဌာန၏ pop.dept.mm@gmail.com မှ တစ်ဆင့် တင်သွင်းရမည်ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက်ကို အဆိုပြုလွှာနောက်ဆုံး တင်သွင်းရမည့် နေ့ရက်အဖြစ် သတ်မှတ်ထားသည်။
နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ နဒီ