သီလဝါစက်မှုဇုန် ဝန်ထမ်းများသရဲပူးဆိုသည့် သတင်း သတင်းအမှားသာဖြစ်

၂၀၂၃ ၊ မတ် ၁

သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်၊သီလဝါ ပြည်တွင်းစက်မှုဇုန်ရှိ စက်ရုံ(၁)ရုံတွင် အမျိုးသမီး (၅၀)ဦးခန့် သရဲ ဝင်ပူးသည်ဟူသော သတင်းမှာ သတင်းမှားဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ (မတ်လ ၁)ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ သီလဝါပြည်တွင်းစက်မှုဇုန်၊ မြေကွက်အမှတ် (၁၀၇)၊ Fine Line အိတ်စက်ရုံတွင် ယနေ့ (မတ်လ ၁)ညနေပိုင်းက အမျိုးသမီးအလုပ်သမား (၁)ဦးမှာ နေမကောင်း ဖြစ်၍ ဆေးခန်းသွားပြခဲ့ကြောင်း၊ ဆေး ခန်းမှ ပြန်လာပြီး ခေတ္တနားနေစဥ် ဝက်ရူးပြန် သကဲ့ သို့ ဂယောင်ဂတမ်း ထယောင်ရာ ဘေးမှ အမျိုး သမီး (၂)ဦးကပါ လန့်၍ ကတုန်ကရင် ဖြစ်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါ(၃)ဦးအား ဘေးမှ အလုပ်သမားများမှ နှိပ်နယ်ခြင်း၊ ယပ်ခတ်ပေးခြင်း၊ ရေတိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ သတိပြန်လည်လာပြီး ၎င်းတို့ (၃)ဦးမှာလည်း လန့်နေကြသဖြင့် စိတ်ရှင်းစေရန် ဘုန်းကြီး (၃)ပါးပင့်၍ ပရိတ် ရွတ်ဖတ်ပေးခဲ့ရာ ထူးခြားမှု မရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ (၃)ဦးအပါအဝင် အလုပ်သမား အားလုံးမှာလည်း အလုပ်ဆင်းချိန်တွင် အသီးသီး အိမ်ပြန်သွားကြသဖြင့် လက်ရှိအချိန်တွင် စက်ရုံအား ပိတ်ထားကြောင်းသိရပြီးသတင်းတုများ ပြန့်နှံ့နေသကဲ့သို့ ထူးခြားမှု မရှိခဲ့သော်လည်း အလုပ် သမားများ စိတ်ရှင်းစေရန် မနက်ဖြန် (မတ်လ ၂ ) စက်ရုံတွင် ပရိတ်တရားတော်များ ထပ်မံရွတ်ဖတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Total Views ~ 216

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.