ရန်ကုန် အောက်တိုဘာ ၁၆
ရေဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသူများအတွက် ဦးစားပေးအဖြစ် ကျန်ရစ်သူမိသားစုများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပုံမှန်ထောက်ပံ့ပေးနေမှုအပြင် အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ် ရန်ပုံငွေများကပါ ထပ်ဆောင်းလျက်ပျမ်းမျှတစ်ဦးလျှင် ၁၀ သိန်း ထောက်ပံ့ခဲ့ပြီး အိုးအိမ်ပျက်စီးမှုများ အတွက်လဲ ပျက်စီးမှုပမာ ဏအပေါ်မူတည်ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ရန်ပုံငွေမှ ထောက်ပံ့နိုင်ရေးစီ စဉ်ပြီးဖြစ်၍ လက်ဝယ်အရောက် ပေးအပ်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောသည်။
အောက်တိုဘာ ၁၄ ရက်က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁)၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက် အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့ သည့် တိုင်ဖွန်း မုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် စံချိန်တင်မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု ရှစ်သောင်းကျော်၊ လူဦးရေတစ်သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး၊ ပျောက်ဆုံးသူ ၅၂၀ ရှိခဲ့ကြောင်း၊ တိရစ္ဆာန်ပေါင်း တစ်သိန်းရှစ်သောင်းကျော် သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိခိုက်ခဲ့ရကြောင်း သိရသည်။
နိုင်ငံတော်အစိုးရနှင့် ပြည်သူလူ ထုပူးပေါင်းပြီး ရှာဖွေ၊ ကယ်ဆယ်ရေးအရေး ပေါ်တုံ့ပြန်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ မိတ်ဆွေနိုင်ငံများ၏ ပြည်တွင်းပြည်ပ စေတနာရှင်များကလည်း ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများတွင် စေတနာ၊ သဒ္ဓါထက်သန်စွာ လှူဒါန်းမှု များနှင့်အတူ အထူးသဖြင့် စေတနာရှင် ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အလှူငွေများကို လှူဒါန်းလျက်ရှိရာ ယနေ့အထိ နိုင်ငံ တော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေရရှိမှုအနေဖြင့် ငွေကျပ် ၅၂ ဘီလီယံ ကျော် ထည့်ဝင်လှူဒါန်းကြရာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြော ကြားခဲ့သည်။
ထို့အပြင် ရေဘေးသင့်ဒေသများရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက်လည်း သင့်လျော်သည့်ထောက်ပံ့မှုနှင့် အတိုးမဲ့ချေးငွေများ၊ သက်သာသောအတိုး နှုန်းနှင့်ချေးငွေများ စီမံဆောင်ရွက်ပေးခြင်းတို့ကိုလည်း လျာထားစီမံခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ခွဲဝေပေးခြင်းများ တစ်ပြိုင်နက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထူးမြတ်