KIA / PDF  ထိုးစစ်ကြောင့် အပြစ်မဲ့ပြည်သူများ တိမ်းရှောင်ထွက်ပြေးနေ၊ ပွင့်လင်းရာသီ တိုက်ပွဲပိုမို ပြင်းထန်မည်ကို စိုးရိမ်နေ

နေပြည်တော်၊ အောက်တိုဘာ ၁၆
လတ်တလော အခြေအနေအရ KIA / PDF  ပူးပေါင်းရှစ်ဖွဲ့ခန့်က အထူးဒေသ (၁) ၁၀၀၂ နယ်ခြားစောင့်တပ်ကို ထိုးစစ်ဆင်နေသည့်အတွက် ဒေသခံများတိမ်းရှောင် ထွက်ပြေးနေရကြောင်း သိရသည်။ 
    မကြာမီ မိုးအကုန် ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာတော့မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ကချင်ပြည်နယ် ဒေသခံတစ်ဦးက ပြောသည်။ 
    "လက်ရှိကတော့ ချီဖွေနဲ့ ဆော့လော်ဖြစ်နေတယ်။ အထူးဒေသ(၁) ၁၀၀၂ နယ်ခြားစောင့် တပ်ကို ထိုးစစ်ဆင်နေတယ်။ နယ်ခြားစောင့်တပ်က လုပီမှာရှိတယ်။ ပန်ဝါနဲ့ မိုင် ၂၀ လောက်ပဲဝေးတယ်။ နယ်ခြားစောင့်တပ်ကိုကျော်ရင် ပန်ဝါဗျူဟာကုန်း တစ်ခုကျန်တယ်။ အထူးဒေသ(၁) နယ်မြေ တွေကို KIA က ထိုးစစ်ဆင်တာ။ တပ်မတော်ကတော့ လေယာဉ်နဲ့ ပစ်ကူပေးနေတယ်။ လုပီ၊ ချန်း ရင်းခူးက ဒေသခံတွေပန်ဝါကို စစ်ရှောင်ပြေးပြီ။ တရုတ်ဘက်က ပန်ဝါတိုက်ပွဲဖြစ်ရင် ခိုလှုံခွင့်ပြု မယ်ဆိုလို့ ပန်ဝါကို ပြေးကြတာ။ သတ္တုလုပ်ကွက်တွေ အများကြီး ရှိလို့ KIA က ထိုးစစ်ဆင်တာ။ ရွှေနဲ့မြေရှား သတ္တုတွေလည်းထွက်တယ်။ KIA / PDF  နဲ့ပူး ပေါင်းရှစ်ဖွဲ့လောက်တိုက်နေတာ။ မြစ်ကြီး နားမှာတော့ အရင်ကတည်းက စစ်ရှောင်စ ခန်းတွေရှိတယ်။ နေရပ်ကို ပြန်လို့မရကြသေးဘူး။ နယ်မြေ ရှင်းလင်းရေးလုပ်ရတဲ့အတွက် ပြန်ခွင့်မပေးနိုင်သေးတာ။ အဓိကတော့ ဖား ကန့်တိုက်ပွဲတွေကြောင့်။ အခုဆို စစ်ရှောင် တွေ ပိုများလာပြီ။ ဆောင်းဝင်လာရင် ပိုဆိုးတော့မှာ"ဟု ၎င်းကပြောသည်။ 
    လွန်ခဲ့သော ရက်သတ္တပတ်ခန့်က ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ဖီမော်ကျေးရွာ အုပ်စုအတွင်း သယံဇာတတူးဖော်ရေး ပြုလုပ်နေသည့် လုပ်ငန်းရှင်များအားလုံး အောက်တိုဘာလ အတွင်းကစ၍ ယာယီပိတ်သိမ်းကြပြီး နိုဇွန်ဘော်ဒေသ၊ ဖီမော်ဒေသ၊ ကန်းဖန့်ဒေသ၊ လန်ဆယ်ဒေသ စသည့်ဒေသတိုတွင် မြေရှားသတ္တုနှင့် အခြားသော သတ္တုတူးဖော်ရေး လုပ်ငန်းများအပြင် ရွှေတူးဖော်ခြင်း လုပ်ငန်းများကိုပါ ယာယီပိတ်သိမ်းကြကြောင်း ဒေသခံများထံမှသိရသည်။ 
    KIA / PDF  လက်နက်ကိုင်အဖွဲ့သည် ကချင်အထူးဒေသ(၁) နယ်မြေများအတွင်းသို ကျူးကျော်ဝင်ရောက်လာပြီး တိုက်ပွဲများ ဖော်ဆောင်ခြင်းကြောင့် အပြစ်မဲ့ဒေသခံပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့် အခန်းကဏ္ဍ များလည်း ထိခိုက်နစ်နာလျက်ရှိကြောင်း သိရသည်။ ကွန်းဈာန်    

Total Views ~ 141

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43379

© 2022 - 2025 News. All Rights Reserved.