Breaking

NUG  ပယောဂကြောင့် လက်နက်ကိုင်လမ်းစဉ်လိုက်ခဲ့သည့် လူငယ် ၆၆၀ ကျော် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

၂၀၂၃ အောက်တိုဘာ ၁၆
    NUG ၏ ပယောဂကြောင့် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြသောလူငယ် များသည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ လ ၅ ရက်အထိ ၆၆၇ ဦးကို မိသားစုများနှင့် ပြန်လည်ပေါင်း စည်းပေးခဲ့သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်အားဖြည့်နိုင်ရန် အတွက်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (၂၂)ကြိမ် ထုတ်ပြန်ခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၆၂၃၀ အား ပြစ် ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သတင်းထုတ် ပြန်ချက်အရ သိရသည်။
    ဂျီနီဗာမြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ၏ (၅၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထောက်အထား ခိုင်လုံမှုမရှိဘဲ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် ဆွေးနွေးပွဲနှစ်ခုပါဝင်ခဲ့မှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန က ပြန်လည်တုံ့ ပြန်ရာတွင် အထက်ပါအကြောင်းအရာကို ထည့်သွင်းထုတ်ပြန်ခဲ့သည်။
    အဆိုပါ တုံ့ပြန်ချက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေ  အနေဆိုင်ရာ အစီရင်ခံစာကို အပြန်အလှန် ဆွေးနွေးမှု မပြုလုပ်မီ အချိန်အနည်းငယ် အလိုမှ ထုတ်ပြန်ခဲ့ပြီး တုံ့ပြန်ရန်လုံလောက်သော အချိန်မပေးခဲ့သလို အစီရင်ခံစာတွင် စွပ်စွဲထားသည့် ဖြစ်ရပ်များသည် အစိုးရကို ဆန့်ကျင်သည့် ရင်းမြစ်များ သို့မဟုတ် အကြမ်းဖက်သမားများကို ထောက်ခံသည့် သတင်းမီဒီယာများကို ကိုးကားထားကြောင်း သိရသည်။ အစီရင်ခံစာတွင် အစိုးရမှပံ့ပိုး ထားသည့် စိစစ်အတည်ပြုပြီးသော ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားပြီး စိစစ်ထားခြင်းမရှိသည့် စွပ်စွဲချက်များပေါင်းထည့် ထားသည်ကို စိတ်ပျက်ဖွယ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
    ထို့အပြင် ကလေးသူငယ် ၂၂၈ ဦးနှင့် ဝန်ထမ်း ၂၇၄ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၆ç၆၀၀ ကျော်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသည့် NUG နှင့် PDF အကြမ်းဖက် အုပ်စုများက ကျူးလွန်သည့် အလွန်ဆိုးရွားသော ရာဇဝတ်မှုများကို မဟာမင်းကြီး၏ အစီရင်ခံစာတွင် သိသာစွာလျှော့ပေါ့ ဖော် ပြခဲ့သလို အကြမ်းဖက် အဖွဲ့အစည်းများ၏ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်မှုများ၊ ၎င်းတို့ အချင်းချင်း အပြန်အလှန်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုသတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသော် လည်း ဘက်လိုက်သော အစီရင်ခံစာ ရေးသားသူသည် ယင်းသို့သော သတင်းများကို အလေးမထား ခဲ့ကြောင်းတွေ့ ရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

Total Views ~ 333

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45060

© 2022 - 2025 News. All Rights Reserved.