ကလေးဝမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF က နေအိမ်များမီးရှိဖျက်ဆီး

၂၀၂၃ ၊ ဖေဖော်ဝါရီ ၇

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက်နေ့ ညနေ ၄နာရီအချိန်က ကလေးဝ၏မြောက်ဘက် ရေမိုင် ၁၁ မိုင်ခန့်၊ ဂဇက်ကျေးရွာ၏အရှေ့ဘက် ၂ မိုင်ခန့်အကွာတောင်ပေါ်၌အခြေပြုလျက်ရှိသည့် အကြမ်းဖက်အုပ်စု PDF အင်အား ၄၀ ဦးခန့်သည် လူနေထိုင်ခြင်း မရှိသည့် ကလေးဝ၏မြောက်ဘက် ရေမိုင် ၁၁ မိုင်ခန့်အကွာ  ဂဇက် ကျေးရွာနေ ဦးမျိုးတင့်(၅၅)နှစ်၏ ဂဇက်ကျေးရွာရှိ  နံကပ် ၂ ထပ်(တန်ဖိုး-စိစစ်ဆဲ)၊ တစ်ရွာတည်းနေ ဦးထွန်းထွန်းနိုင်(၃၄)နှစ် ၏ နံကပ် ၂ ထပ်(တန်ဖိုး-စိစစ်ဆဲ)၊ ဦးညွှန့်အောင်(၅၅)နှစ်၏ နံကပ် ၂ ထပ်(တန်ဖိုး-စိစစ်ဆဲ)၊ ဦးတင်မောင်ဝင်း(၅၂)နှစ်၏ ပျဉ်ထောင် ၂ ထပ်(တန်ဖိုး-စိစစ်ဆဲ)၊ ဦးညွှန့်ထွေး(၄၀)နှစ်၏ ပျဉ်ထောင် ၂ ထပ်(တန်ဖိုး-စိစစ်ဆဲ)၊ ဦးထွန်းကျော်(၃၇)နှစ်၏ ပျဉ်ထောင် ၂ ထပ်(တန်ဖိုး-စိစစ်ဆဲ)နှင့် ကလေးဝ၏ မြောက်ဘက် ရေမိုင် ၁၁ မိုင် ၃ ဖာလုံခန့်အကွာ အုန်းပင်စုကျေးရွာနေ ဦးမြင့်ဌေး (၅၉)နှစ်၏ ကပ်ကာ ၂ ထပ်(တန်ဖိုး-စိစစ်ဆဲ)တို နေအိမ် အတွင်းရှိပရိဘောဂပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများအားအိမ်ပြင်သိုထုတ်ကာ စုပုံဖျက်ဆီး ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၃နာရီ မိနစ် ၄၀ အချိန် ကလေးခရိုင် ကလေးဝမြိုနယ်မှ သက်ဆိုင်ရာတာ၀န်ရှိသူများထံသို ဂဇက်ကျေးရွာနေပြည်သူ ၁ ဦး(စိစစ်ဆဲ)ကဖုန်းဆက်သွယ်၍ တိုင်တန်းသည့်အတွက် ဖြစ်စဉ်နှင့်ပတ်သက်၍ နေအိမ်များအတွင်းသိုဝင်ရောက်ဖျက်ဆီးခဲ့သည့် အကြမ်းဖက် အုပ်စု PDF အင်အား ၄၀ ဦးခန့်အား ဥပဒေအရအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43336

© 2022 - 2025 News. All Rights Reserved.