ကောလင်းမြို၌ အကြမ်းဖက်အုပ်စု PDF က လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး နှင့် အမျိုးသမီး ၂ ဦးတို ဒဏ်ရာရရှိ

၂၀၂၃ ၊ ဖေဖော်ဝါရီ ၁ 

ပြီးခဲ့သည့်  ဇန်နဝါရီ ၃၁ရက် ညနေ ၄နာရီခွဲအချိန်က ကောလင်းခရိုင် ကောလင်းမြို ၏ အရှေ့ဘက် ၆ ဖာလုံခန့်အကွာ  မြောက်အင်းရပ်ကွက်ရှိ မြိုနယ်ထွေ/အုပ်ရုံးအား အကြမ်းဖက် အုပ်စု PDF အင်အား(စိစစ်ဆဲ)က မမစ(ကောလင်း)၏ အနောက်ဘက် ၇ ဖာလုံခန့်အကွာ  ကရာကုန်းကျေးရွာတံတားအနီးမှ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မမစ(ကောလင်း)၏ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ  ဥတ္တရာရာမဘုန်းကြီးကျောင်းရှေ့ လမ်းမပေါ်သို ဗုံးသီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းသို ပေါက်ကွဲမှုကြောင့် ဆရာတော် ဥူးဥတ္တရကံမ(၆၁)နှစ် ဝါတော် (၂၀)ဝါ  တွင် ဝဲ/ယာလက်ဖျံနှင့် ဝဲပါးတိုတွင် မိုင်းစရှပ်မှန်ဒဏ်ရာ ၁ ချက်စီ စုစုပေါင်း ဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကျောင်းတိုက်၌ဆေးထည့်ကုသခဲ့ပြီး ကျန်ဗုံးသီး ၁ လုံးမှာ မမစ(ကောလင်း) ၏တောင်ဘက် ၃ ဖာလုံခန့်အကွာ  ကျော်ဇေယျာ(၁)ရပ်ကွက်ရှိ အမှတ်(၄၆)သစ်စက်ဟောင်းရှေ့လမ်းမပေါ်၌ကျရောက်ပေါက်ကွဲခဲ့ရာ အခင်းဖြစ်နေရာအနီးမှ ဖြတ်သန်းသွားလာနေသည့် ဒေါ်စိန်မြင့်(၅၉)နှစ် ၊ကျော်ဇေယျာ(၁)ရပ်ကွက် နေသူတွင် ဝဲလက်ကောက်ဝတ်ပွန်းပဲ့ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ တစ်ရပ်တည်းနေ မကျော့ဖြူသွယ် (၂၃)နှစ်တွင် ဦးခေါင်းနောက်စေ့/ကျောပြင်နှင့်ဝဲတင်ပါးတိုတွင် မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်စီ စုစုပေါင်းဒဏ်ရာ ၃ ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ကောလင်းခရိုင်ပြည်သူ့ ဆေးရုံကြီးသိုပိုဆောင်ဆေးကုသလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးနှင့် ဥပဒေအရအရေးယူနိုင်ရေး လခရပူးပေါင်းအဖွဲမှစုံစမ်းလျက်ရှိကြောင်း သိရပြီး ယနေ့(၁-၂-၂၁ မှ ယနေ့ထိ ဒဏ်ရာရသံဃာ ၄၂ ပါး၊ သီလရှင် ၂ ပါး ရှိ‌ကြောင်း သိရသည်။

Total Views ~ 203

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43335

© 2022 - 2025 News. All Rights Reserved.